Ep(17)

21K 1.4K 6
                                    


Unicode

ဒီနေ့က စစ်ဘုန်းရဲ့အမေ ဒေါ်ခက်သဇင် ဆုံးသွားတာ ဆယ့်လေးနှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့ဖြစ်သည်။တနဂ်နွေနေ့မို့ ဦးငြိမ်းစစ်လည်း companyမသွားရသလို စစ်ဘုန်းကတော့ မနေ့တည်းက ဆိုင်မသွားဘဲ အခန်းထဲတွင်သာ နေနေသည်။မေ့ဖျောက်ထားရတဲ့ အ​မေ့ကိုသတိရခြင်းတွေနဲ့အတူ ဝမ်းနည်းပူဆွေးခြင်းတို့​က တဖန်ပြန်လည်၍ ဝင်ရောက်လာသည်။

လွမ်းတယ် အမေ..အမေ သားရဲ့အနားမှာ အခုချိန်ထိရှိနေသေးရင် သိပ်ကောင်းမှာပဲ..အဖေ့ဆီက မေတ္တာအပြည့်အဝရနေပေမယ့်လည်း အမေ့ဆီက ဂရုစိုက်မှုလေးတွေကိုလည်း လိုချင်မိတယ်

"ဒေါက်..ဒေါက်.."

"ကိုစစ်.. ဘုန်းဘုန်းတွေကြွလာပြီ..အဖေက အဝတ်စားလဲပြီး ဘုရားခန်းကို လာခဲ့ပါတဲ့"

"ဒေါက်...ဒေါက်"

"ကိုစစ်..ကိုစစ်"

ကိုစစ်ဆီက ပြန်ထူးသံမကြား၍ တံခါးကိုထပ်ခေါက်လိုက်တော့..

"မင်း ဘယ်လိုဖြစ်နေတာလဲ..ပြောပြီးရင်လည်း လစ်လိုက်တော့ တကယ် နားငြီးတယ်"

ကိုစစ်က တံခါးနောက်ကရုတ်တရတ်ထွက်လာပြီး လင်းကို အလိုမကျဟန်ဖြင့် ပြောလာလေသည်။

ကိုစစ် ကြည့်ရတာ မနေ့ညကနေ အခုထိ တရေးမှမအိပ်ရသေးပုံ ၊ မျက်တွင်းနှစ်ခုက ချိုင့်နေပြီး အရင်က ​သေသပ်စွာ ဘေးခွဲထားတဲ့ ဆံပင်တို့ကလည်း ဟိုတစ ဒီတစ ထိုးထောင်နေသည်။အင်းလေ ကိုစစ်လည်းတော်တော်ခံစားရမှာပေါ့ ၊လင်းတောင် မွေးစားအမေဆိုပေမယ့် အမေဆုံးတုန်းက တော်တော်ခံစားခဲ့ရတာ။

လင်း ကိုစစ်ကိုခေါ်ပြီးနောက် ဘုရားခန်းမှာ ဘုန်းဘုန်း တရားပေးနေတာကြောင့် အဖေနဲ့ ကြီးစန်းရဲ့ အနောက်မှာ အသာလေးဝင်ထိုင်လိုက်သည်။
ခဏနေတော့ ကိုစစ်ရောက်လာပြီး လင်းရဲ့ဘေးနားမှာ လာကပ်ထိုင်ရင်း တရားယူလေသည်။ဒီနေ့ကိုစစ်က မီးခိုးရောင် ကော်လံကတုံး လက်ရှည်ကို ကြယ်သီးအစိတပ်ထားပြီး အနက်ရောင် ပုဆိုးကွပ်စိတ်လေးကို ​​​သေသပ်စွာ ဝတ်ဆင်ထားတာမို့ မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိလှသည်။

အမုန်းလွန်သော်(m- preg)(Completed)Onde histórias criam vida. Descubra agora