Unicodeစစ်ဘုန်း ဆိုင်ကအပြန် ရွှေစင့်ကို လေဆိပ်တောင်လိုက် မပို့ဖြစ်သည့်အပြင် ကားမောင်းနေရင်း အဖေပြောတဲ့စကားတွေသာ ကြားယောင်နေတာမို့ အိမ် အမြန်ရောက်ချင်စိတ်က ကြီးစိုးနေတော့သည်။
ယောက်ျားလေးချင်း rapeလုပ်ချင်စရာကောင်းအောင် မင်းဘယ်လိုတွေ နေထိုင်နေသလဲ အရှုပ်ထုတ်ရယ်...
စစ်ဘုန်းအိမ်ရောက်သည်နှင့် ကားပေါ်က အမြန်ဆင်းပြီး အရှုပ်ထုတ်ရဲ့ အခန်းဆီကို တန်းသွားလိုက်သည်။ထို့နောက် အခန်းတံခါးတွန်းဖွင့်ဝင်လိုက်တော့ အဖေက ကုတင်ဘေးခုံမှာထိုင်နေပြီး ဒေါ်စန်းက အရှုပ်ထုတ် နဖူးပေါ်ရေပတ်ဝတ်တင်လိုက် ရေညစ်လိုက်နှင့်တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။
"အဖေ..အရှုပ်ထုတ် ဘယ်လိုနေလဲ"
"အော်..သားတောင် ရောက်လာပြီ.. အင်း..သား ညီလေးက ဆေးအရှိန်နဲ့ အိပ်ပျော်နေတယ်ထင်တယ်..အခုထိတော့ နိုးမလာသေးဘူး"
ကုတင်ပေါ်မှာ လဲလျောင်းနေသော အရှုပ်ထုတ်ကို တစ်ချက်ကြည့်၍ပြောလာပြီး အဖေ သက်ပြင်းအခါအခါချနေတာ စစ်ဘုန်းသတိထားမိသည်။
"အဖေ..သူများကို ပူပန်နေရလို့ ကိုယ့်ကျန်းမာရေးလည်း ထိခိုက်နေမယ်နော်"
"ရပါတယ်..သားရယ်..အဖေ ဘာမှမဖြစ်ပါဘူး..တစ်ခုပဲ..သား ညီလေးကို အဖေ ဒီခေါ်လာတာ မှားပြီလားလို့ တွေးနေတာ..ရွာမှာ သူ့ဘဝလေးနဲ့သူအေးချမ်းနေတာကို ဖျက်ဆီးမိပြီ ဆိုတဲ့အတွေးက ဆက်တိုက်ဝင်နေတယ်.
"ဟာ..အဖေ..ဘာလို့ ဒီလိုတွေတွေးပြီး သောကရောက်နေတာလဲ..သူ့ရဲ့ အနေဆင်းရဲတဲ့ဘဝကနေ အဖေကယ်ထုတ်လာတာပဲလေ..ဒါကို အမှားလို့ တွေးမနေစေချင်ဘူး..ပြီးတော့ ဒီလိုတွေဖြစ်လာတာ..သားတို့အမှား တစ်ခုမှမပါဘူး..သူ့ဘာသာ အနေထိုင်မဆင်ခြင်လို့ဖြစ်ရင်ဖြစ်..မဟုတ်ရင် သူနောက်ကြောင်းမရှင်းလို့ ဖြစ်လာတာတွေပဲ.."
မိဘက သားသမီးကို စိုးရိမ်တာလက်ခံနိုင်ပေမယ့် အဖေ ဒီလိုတွေတွေးပြီး ကိုယ့်စိတ်ကိုပင်ပန်းအောင် လုပ်နေတာ စစ်ဘုန်း လက်သင့်မခံနိုင်ပေ။
![](https://img.wattpad.com/cover/218183046-288-k692336.jpg)
KAMU SEDANG MEMBACA
အမုန်းလွန်သော်(m- preg)(Completed)
Romansaလူတစ်ယောက်ကို အမုန်းကြီးမုန်းနေရာကနေ ချစ်ခြင်းတရားဆီ အလွယ်တကူ ကူးပြောင်းသွားနိုင်ပါ့မလား? Main Character-စစ်ဘုန်းနိုင်❤နေွလင်းသန့် Start date>>24-3-20 End date>>>22-9-20 *Male Pregnant* *Not Yizhan*