Unicode"လာ..ရွှေစင်..ဒီအိမ်က ကိုယ့်အရင်အိမ်လောက်တော့မကျယ်ဘူး..ဒါပေမယ့် အခန်းပိုတော့ရှိတယ်..ရွှေစင်တစ်ယောက်စာတော့ ကောင်းကောင်းနေလို့ရမှာပါ"
"ရပါတယ်..စစ်ရယ်..ရွှေစင့်ကို စစ်တို့အိမ်မှာ ပေးနေတာနဲ့တင် လုံလောက်ပါပြီ..ဒါနဲ့ စစ်ရဲ့ကောင်လေးရော..ဘယ်ရောက်နေလဲ..ရွှေစင် နူတ်ဆက်ချင်လို့"
ဒီနေ့နေ့လည် ထမင်းချိုင့်သွားပို့တော့ ရုံခန်းထဲမှာ ကိုစစ်က အမရွှေစင်ကို တယုတယ ပွေ့ဖက်ထားတာ မြင်ခဲ့တယ် ၊ဖြစ်နိုင်ရင် ဒါကျွန်တော့်လူ အမမပိုင်တော့ဘူးလို့ သောင်းကျန်းလိုက်ချင်သည်။သို့သော် လင်းက ဒီလိုပြောဖို့မဆိုနဲ့ တချိန်ကျလို့ ကိုစစ်က ထွက်သွားပေးပါလို့ တောင်းဆိုလာရင် အလိုက်တသိ ကွယ်ပျောက်ပေးရမယ့် ဒုတိယလူမမည်တဲ့ တတိယလူတစ်ယောက်။
ထို့နောက် အမြင်အာရုံကတဆင့် နှလုံးသားထဲထိ စူးနစ်လာသော ရင်ကိုဥပေက္ခာပြုရင်း ထမင်းချိုင့်ကို အခန်းပြင်က အတွင်းရေးမှူးကိုသာ ပေးပြီး အိမ်တန်းပြန်ခဲ့သည်။အိမ်ရောက်တော့ ဘာမှစားချင်စိတ်မရှိတာနဲ့ အခန်းထဲ ဝင်အိပ်လိုက်တာ ကိုစစ်ပြန်လာသည်အထိ။ကားသံကြားလို့ အခန်းပြင်ထွက်ကြည့်တော့ အရင်နေ့ကလို ကိုစစ်တစ်ယောက်တည်း ပြန်လာတာမဟုတ် အမရွှေစင်ကိုပါ luggageတစ်လုံးနဲ့ တွေ့လိုက်ရသည်။။
နောက်တော့ ကိုစစ်က လင်းကိုမြင်ပုံမပေါ် အမရွှေစင်ကို စကားတပြောပြောနဲ့ အခန်းလိုက်ပြနေတော့ လင်းလည်းကိုစစ်တို့အနောက်က မသိမသာလိုက်လာလိုက်သည်။ပြီးတော့မှ အမရွှေစင်က လင်းအနောက်က လိုက်လာတာ မသိသလိုနဲ့ ကိုစစ်ကို မေးလာသည်။
"စစ်..စစ်ရဲ့ကောင်လေးရော..မတွေ့ပါလား"
"ေဩာ်..နေဦး ကိုယ်ခေါ်ပေးမယ်..မီဖိုခန်းထဲ ရောက် နေတာဖြစ်မယ်"
"ကိုစစ်..လင်းကဒီမှာ"
"ေဩာ်..အရှုပ်ထုတ်..လာဦး..ဒီအမက ဒီနေ့ကစပြီး အိမ်မှာ ခဏနေလိမ့်မယ်..အဲ့ဒါမင်းကို အသိပေးတါ"
"မောင်လေး အမဒီမှာနေတာ အဆင်ပြေရဲ့လား...တော်ကြာ အမက နှစ်ယောက်ကြားဝင်ရှုပ်သလို ဖြစ်နေမှာစိုးလို့"
ВЫ ЧИТАЕТЕ
အမုန်းလွန်သော်(m- preg)(Completed)
Любовные романыလူတစ်ယောက်ကို အမုန်းကြီးမုန်းနေရာကနေ ချစ်ခြင်းတရားဆီ အလွယ်တကူ ကူးပြောင်းသွားနိုင်ပါ့မလား? Main Character-စစ်ဘုန်းနိုင်❤နေွလင်းသန့် Start date>>24-3-20 End date>>>22-9-20 *Male Pregnant* *Not Yizhan*