UnicodeJuly 15/2020
ဒီနေ့က လင်းရဲ့မွေးနေ့ဖြစ်တာကြောင့် မနက်စောစောထဖြစ်သည်။ဘုရားမသွားဖြစ်ပေမယ့် အိမ်ကဘုရားမှာပဲ သောက်တော်ရေလဲ ၊ဆီမီး ပန်း ရေချမ်းကပ်ပြီး ဘုရားရှိခိုး၍ ကုသိုလ်ယူလိုက်သည်။
ထို့နောက် ကြီးစန်းကို မနက်စာကူပြင်ပေးဖို့ အောက်ထပ်ဆင်းသွားတော့..
"သားငယ်...ဒီနေ့တော့ အစောကြီးနိုးနေပါလား..သားအားရင် အဖေ့ဆီခဏလာခဲ့ပါဦး"
လင်း ထမင်းစားခန်းနားအရောက် ဧည့်ခန်းထဲမှ အဖေ့ခေါ်သံကြားတာကြောင့် ခြေလှမ်းတွေဧည့်ခန်းဘက်ဦးတည်လိုက်သည်။ထို့နောက် အဖေမျက်နှာချင်းဆိုင် ဆိုဖာတွင် ဝင်ထိုင်လိုက်တော့ အဖေကဖတ်လက်စသတင်းစာကိုချ၍...
"သားငယ်...ရော့..အဖေဒါလေး ပေးချင်လို့..သားကိုစောင့်နေတာ"
အဖေက ကားသော့တစ်ခုကို မှန်စားပွဲတွင်တင်ပြီး လင်းထိုင်နေသည့်ဘက်သို့ ရွေ့ပေးရင်း ပြောလာသည်။
"အဖေ...ဒါက.."
"သားကို အဖေ မွေးနေ့လက်ဆောင်ပေးတါ..သားလက်ခံလိုက်နော်"
"ဟင်..မွေးနေ့လက်ဆောင်..ဟို..မဟုတ်တာ..သားမယူပါရစေနဲ့..အဖေရယ်..အဖေပေးချင်ရင် တခြားတန်ဖိုးနည်းတဲ့ဟာ ပေးပါနော်..ဒီဟာက သားအတွက် တန်ဖိုးများလွန်းနေတယ်"
"ယူလိုက်ပါ..သားရယ်..အဖေ ဝယ်ပေးချင်ေနတာကြာပြီ..အခု သားမွေးနေ့ဆိုတော့ အမှတ်တရဖြစ်သွားအောင် တခါတည်းဝယ်ပေးလိုက်တာ..ကိုယ့်ကားနဲ့ကိုယ်ဆို..သားကို အဖေစိတ်မပူရတော့ဘူးပေါ့..ပြီးတော့ နောက်လဆို သားကအလုပ်ဝင်ရတော့မှာလေ..ကားနဲ့ဆိုရင် သား အလုပ်မှာပိုအဆင်ပြေတာပေါ့ မကောင်းဘူးလား"
".........."
"ကဲပါ..သားငယ်ရယ်..သော့ကိုသိမ်းထားလိုက်တော့ ပျောက်သွားဦးမယ်..ကားမောင်းသင်တာကတော့ သားအကို အားတဲ့နေ့တွေမှာ သင်ခိုင်းပေါ့..ကဲ..အခုတော့ အဖေ သားကိုနေရာတစ်ခုကို ခေါ်သွားမလို့..သွား..အဝတ်စားသွားလိုက်လဲ..သားအကိုတောင် အဆင်သင့်ဖြစ်နေလောက်
ပြီ"

BẠN ĐANG ĐỌC
အမုန်းလွန်သော်(m- preg)(Completed)
Lãng mạnလူတစ်ယောက်ကို အမုန်းကြီးမုန်းနေရာကနေ ချစ်ခြင်းတရားဆီ အလွယ်တကူ ကူးပြောင်းသွားနိုင်ပါ့မလား? Main Character-စစ်ဘုန်းနိုင်❤နေွလင်းသန့် Start date>>24-3-20 End date>>>22-9-20 *Male Pregnant* *Not Yizhan*