Ep(9)

21.1K 1.5K 38
                                    


Unicode

မနက်ရောက်သည်နှင့် နေခြည်နုနုနှင့်အတူ ငှက်ကလေးများ၏အသံလေးများက သြကာသလောကကြီးတစ်ခုလုံး အသက်ဝင်အောင်ပံ့ပိုးပေးနေသည်။အချိန်ကား ရှစ်နာရီ လင်းသည် အဖေတို့အတွက် မနက်စာပြင်ပေးပြီး ထူးမြတ်တို့နှင့်ချိန်းထားတဲ့ ကော်ဖီဆိုင်လေးကို ကိုးခွဲအရောက်သွားဖို့ ပြင်ဆင်ရန် အပေါ်ထပ်သို့တက်လာခဲ့သည်။ထူးမြတ်တို့က လာခေါ်မည်ဟုပြောသော်လည်း လင်းကလက်မခံခဲ့။အကြောင်းမှာ လင်းအပြင်ထွက်တာ ကိုစစ်သိသွားခဲ့ရင် သွားခိုင်းမည်မထင်သောကြောင့်ပင်ဖြစ်သည်။ထို့ကြောင့် ကိုစစ်မနိုးခင် အမြန်ပြင်ဆင်ပြီး အိမ်ကလစ်ထွက်ရပေမည်။အဖေကတော့ မနက်ခြောက်နာရီလောက်က မနက်စာစားပြီး အစည်းဝေးရှိတာကြောင့် အိမ်မှအစောကြီးထွက်သွားလေသည်။

လင်းရေချိုးပြီးသည်နှင့် မှန်ရှေ့ရပ်၍ဆံပင်ခပ်အုပ်အုပ်လေးကို နဖူးအတိချပြီး တီရှပ်အဖြူလေးနှင့် ဒူးအောက်ဘောင်းဘီတို အသားရောင်လေးကိုတွဲဖက်ဝတ်ဆင်လိုက်သည်။ပင်ကိုအသားဖြူသူမို့ တီရှပ်အဖြူရောင်နှင့် လင်းထွက်နေကာ မျက်နှာဝိုင်းဝိုင်းလေးနှင့် ကလေးပိစိလေး
လိုချစ်စရာကောင်းလေသည်။ထို့ပြင် ကော့ညွှတ်နေသော မျက်တောင်စိပ်စိပ်တို့က အကြည်ရောင်မျက်လုံးဝိုင်းလေးများကို ​​​​သေသပ်စွာဝန်းရံထားလေသည်။လင်းသည် မျက်နှာမြင်ချစ်ခင်ပါစေဟူသော တောင်းဆုကို မတောင်းပဲပြည့်နေသူတစ်ယောက်ဖြစ်နေခဲ့သလားပင် ၊သို့သော် ချွင်းချက်အနေနဲ့ လင်းကိုချစ်ခင်သူတွေထဲမှာ ကိုစစ်ကတော့ ဘယ်သောအခါမှပါမည်မထင်ပေ။

ထို့နောက်လင်းသည် ကျောပိုးအိတ်အသေးလေးကိုကောက်လွယ်ပြီး ဖုန်းကိုကိုင်လျှက်အပေါ်ထပ်ကဆင်းလာခဲ့သည်။လင်းရန်ကုန်ရောက်ပြီး အခုပထမဆုံး အပြင်ထွက်လည်ရမှာဖြစ်တာကြောင့်
စိတ်လှုပ်ရှားပြီး ပျော်နေမိသည်။လှေကားကနေ သီချင်းတအေးအေးနဲ့ဆင်းလာရင်း ဧည့်ခန်းနားအရောက် လင်းရဲ့တက်​ကြွနေတဲ့ ခြေလှမ်းတွေတုံ့ခနဲရပ်သွားလေသည်။

"ကောင်းပြီ..ကိုဖြိုး ငါစာရင်းတွေစစ်လိုက်ဦးမယ်
ငါဒီနေ့တော့ ဆိုင်ကိုမလာတော့ဘူး..မင်းဆိုင်ကိုဂရုစိုက် အရေးအကြောင်းရှိတာနဲ့ငါ့ကိုဖုန်းဆက်လိုက်ကြားလား..အေး ငါစိတ်ချမယ်နော်"

အမုန်းလွန်သော်(m- preg)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ