Ep(6)

25.8K 1.8K 53
                                    

Unicode

နောက်တစ်နေ့ရောက်တော့ လင်းမနက်စောစောထပြီး မနက်စာပြင်နေသောကြီးစန်းကိုကူလုပ်ပေးဖို့ အောက်ထပ်ကိုဆင်းလာခဲ့သည်။အပေါ်
ထပ်က အဖေရဲ့ဘုရားရှိခိုးသံက တစ်အိမ်လုံးပျံ့လွှင့်နေပြီး ကိုစစ်ကတော့ အခုထိမထသေးပေ။

"ကြီးစန်း..မနက်စာပြင်နေတာမလား..လင်းလည်းကူလုပ်ပေးမယ်လေ.."

"အမယ်..သားလင်းက အစောကြီးနိုးနေပါလား..
စောစောနိုးတယ်ဆိုလည်း ငြိမ်ငြိမ်လေးထိုင်နေပါတော်..တော်ကြာ အကိုလေးကသူ့သားငယ်ကို ဒေါ်စန်းက ခိုင်းစားတယ်ထင်နေပါမယ်.."

"ပြောပါ..ကြီးစန်းရဲ့ လင်းဘာလုပ်ပေးရမလဲ...
လင်းကအလုပ်မရှိရင် မနေတတ်ဘူး..မေမေရှိတုန်းက ဟင်းချက်ရင် လင်းကူပေးနေကြမို့..လင်း
ဟင်းတော့ကောင်းကောင်းချက်တတ်တယ်.."

"အေးကွယ်..သားလင်း ကူပေးချင်သပဆိုလည်း ကူပါတော်..သားလင်းဝိုင်းလုပ်ပေးတော့ ဒေါ်စန်းလည်းမြန်မြန်ပြီးတာပေါ့"

"အင်း...သားလင်းကစကားပြောကလည်းယဥ်ကျေး စိတ်ထားလေးကလည်းဖြူစင် အချက်အပြုတ်လေးပါတတ်တော့ သားသာမိန်းကလေးဆို အကိုလေးတော့ ချွေးမတော်မှာ သေချာတယ်.."

"ဟာ..ကြီးစန်းကတော့ နောက်ပြီ..ကိုစစ်က လင်းကိုအခုတောင်သဘောမကျတာ သူသာကြားရင်
လင်းကိုစိတ်ဆိုးနေဦးမယ်.."

"အော်..သားလင်း..မင်းအကိုက သားနဲ့နည်းနည်းစိမ်းနေသေးလို့ပါ..ဘာမှစိတ်ထဲထားမနေနဲ့..ဒီလိုပဲ တစ်ဦးတည်းသောသားဆိုတော့ နည်းနည်းဆိုးချင်တာ.."

"ရပါတယ် ကြီးစန်းရဲ့..လင်း ကိုစစ်နဲ့အဆင်ပြေအောင်နေမှာပါ.."

ကြီးစန်းနဲ့စကားပြောနေတုန်း အဖေပိုက်ဆံအိတ်နဲ့ဖုန်းကိုတွဲကိုင်၍ အပေါ်ထပ်မှဆင်းလာလေသည်။
လည်ကတုံးအကျ်ီခဲရောင်နှင့် ပုဆိုးနက်ပြာကွက်စိပ်ကို သပ်သပ်ရပ်ဝတ်ဆင်ထားပြီး မျက်နှာအမူ
အရာကအမြဲတမ်း တည်ကြည်ခန့်ညားနေသည်။
လင်းကသားအရင်းမဟုတ်ပေမယ့် အဖေက သားအရင်းတစ်ယောက်လို စောင့်ရှောက်ကာကွယ်ပေးတါကြောင့် လင်းတစ်ခါမှရခွင့်မရခဲ့တဲ့ ဖခင် မေတ္တာ ကို အပြည့်အဝခံစားမိပါသည်။

အမုန်းလွန်သော်(m- preg)(Completed)Where stories live. Discover now