Ep(34)

25.7K 1.3K 6
                                    


Unicode

လင်း ဒီမနက်တော့ စောစောနိုးသည် ၊ဘုရားကျောင်းဆောင် သန့်ရှင်းရေးလုပ်ဖို့နဲ့ ဒီမနက်ပွင့်တဲ့ နှင်းဆီဝါလေးတွေ ဘုရားကပ်ဖို့ စောစောထခြင်းဖြစ်သည်။

မနက်ငါးနာရီဆိုတော့ အပြင်ဘက် မှာ အမှောင်ဖယ်ကာစမို့ အလင်းရောင်က သိပ်မရှိသေး။ကိုစစ်မနိုးအောင် ဖက်ထားတဲ့လက်အစုံကို ဖြည်းဖြည်းချင်း
ဖယ်ပြီး ကုတင်ပေါ်ကဆင်းရသည်။ကိုစစ်နဲ့ ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း ကိုစစ်က အရင်လို ဆိုဖာမှာမအိပ်တော့ လင်းနဲ့အတူတူ ကုတင်ပေါ်မှာအိပ်တော့သည်။

"အင်း..ပန်းအရင် ခူးမှပါလေ"

ခြံပြင်ထွက်တော့ မိုးကတစ်ညလုံးရွာထားသည်ထင် ၊ခြံထဲရှိ ဂမုန်းပင်စသည့် အပင်တွေလေးတွေက စိမ်းစိမ်းစိုစိုနဲ့ စိတ်ကိုကြည်လင်လာစေသည်။

"အကိုလေး..နှင်းဆီပန်းခူးမလို့လား"

ကားဆေးနေတဲ့ အကိုထူးက အနားသို့အပြေးရောက်လာပြီး မေးလေသည်။

"ဟုတ်တယ်..ကိုကြီးထူး..ပန်းလေးတွေကို ဦးဦးဖျားဖျား ဘုရားကပ်ချင်လို့..ခြံထဲဆင်းလာတာ.."

"ဟိုလေ..အကိုလေး..ပန်းက..အခြားပန်းကပ်ပါလားဟင်"

"ဟင်..ဘာဖြစ်လို့လဲ..ကိုကြီးထူးရဲ့"

"အဲ့ဒါကလေ..."

ခေါင်းကုတ်လိုက် မျက်နှာရှုံ့တွလိုက် လုပ်နေတဲ့ ကိုကြီးထူးကို ကြည့်ပြီး အ​ဖြေရှာရခက်နေသည်။ကြည့်ရတာ လင်းရဲ့နှင်းဆီဝါလေးတွေ ပိုးကိုက်သွားပြန်ပြီ ထင်တယ်။

အတွေးထက် စိတ်ကလျင်စွာ ဥယျာဥ်ငယ်ဘက် သွားကြည့်လိုက်သည်။

"ဟာ..ပန်း..ပန်းပင်တွေက ဘယ်လိုဖြစ်တာကုန်တာလဲ..ကိုကြီးထူး"

မနေ့တနေ့ကမှ အရွက် အဖူးလေးတွေနဲ့ ဝေဝေဆါနေတဲ့ နှင်းဆီပန်းပင်တို့က အခုတော့ ခါးမှထက်ပိုင်းပြတ်နေပြီး ပန်းအိုးအောက်ခြေမှာ အရွက်တွေက ပြန့်ကျဲနေသည်။ကိုယ် ယုယုယယစိုက်ပျိုးထားလို့လားမသိ ဒီလိုမြင်လိုက်ရတာ စိတ်ထဲမှာ အောင့်သက်သက်နဲ့ ခံစားချက်ကလုံးဝမကောင်း။

အမုန်းလွန်သော်(m- preg)(Completed)Où les histoires vivent. Découvrez maintenant