Ep(7)

24.4K 1.7K 9
                                    

Unicode

စစ်ဘုန်း မန်နေဂျာ ကိုဖြိုးကိုမှာစရာရှိတာမှာပြီးနောက် ဆိုင်မပိတ်မီ ပြန်ထွက်လာခဲ့သည်။တစ်နေကုန် အရှုပ်တွေပဲ ရှင်းနေရတာကြောင့် လူကနုံးနေပြီး အိမ်မြန်မြန်ပြန်ပြီး အနားယူချင်သည်။သို့သော် တစ်ယောက်တည်းပြန်သွားလို့မဖြစ်သေး ကိုယ်မေ့ပြီးထားခဲ့တဲ့ ညီအတု နွေလင်းသန့်ကို သွားခေါ်ပြီးမှသာ အိမ်ပြန်လို့ရပေမည်။
အရှုပ်ထုတ် မပါဘဲပြန်သွားရင် အဖေကကိုယ့်ကို အိမ်ပေါ်တက်ခွင့်​တောင်ပေးမည်မထင် နောက်မှပေါက်တဲ့ရွှေကြာပင် ဖြစ်ပေမယ့် သူ့သားအတုကို သားအရင်းဖြစ်တဲ့ ကိုယ့်ထက်ပင်ပိုချစ်နေသည်။

လင်း ကားမှတ်တိုင်ကခုံလေးမှာထိုင်နေတာ ခုဆို ဖုန်းကနာရီလေးက ကိုးနာရီကိုပြနေသည်။မိုးချုပ်လာတာကြောင့် နေ့လည်ကလောက် လူအသွားအလာသိပ်မရှိတော့။YBS လို့ရေးထားတဲ့ ကားကြီးတွေသာ နာရီဝက်ခြားတစ်ခါ မှတ်တိုင်နားလာရပ်သည်။

" ဂွီ.."

နေ့လည်ထဲက ဘာမှမစားရသေးတော့ ဗိုက်က ဆန္ဒပြလာတော့သည်။မြည်နေသော ဗိုက်ကိုအသာပွတ်၍ ကားအပြာလေးတွေဖြတ်သွားတိုင်း
ထကြည့်မိသည်။ကိုစစ်ဖုန်းကို ခေါ်တော့လည်း စက်ပိတ်ထားတယ်လို့သာ ဆက်တိုက်ပြောနေတာကြောင့် မလာမချင်းစောင့်နေဖို့သာရှိတော့
သည်။အမှောင်ကြောင့် ခြင်တွေ သည်းကြီး
မည်းကြီးကိုက်နေတာ အပ်နဲ့ထိုးနေသလားပင်။ပေါ်နေတဲ့ အသားဖြူဖြူလေးတွေက ခြင်ကိုက်ထား၍ အဖုတွေထပြီး နီရဲနေတော့သည်။မိနစ်အနည်းငယ်ကြာတော့ ကားတွေတောင် သိပ်မသွားတော့ဘဲ ပတ်ဝန်းကျင်ကတိတ်ဆိတ်လာတာကြောင့် လင်း ကြောက်ပြီးငိုချင်လာသည်။

ကိုစစ်က လင်းကိုမုန်းလွန်းလို့ တမင်ထားသွားတာလားမသိဘူး..အဲ့လိုသာဆို လင်းဘယ်မှာသွားနေရမလဲ..အဖေ့ကို လိုက်ရှာရအောင်လည်း အခုတောင် ဘယ်နေရာရောက်နေမှန်းမသိတာ
လင်း တောင်းပန်ပါတယ် ကိုစစ်ရယ်..လင်းကိုပြန်လာခေါ်ပါနော်..

" ဟင့်..အင့်..လင်းကြောက်တယ်..ကိုစစ်..လင်းကိုမထားခဲ့ပါနဲ့..ဟင့်.."

လင်း ဘေးချထားတဲ့ အဝတ်ထုပ်တွေကို ပိုက်၍ တင်းထားသမျှငိုချမိတော့သည်။

အမုန်းလွန်သော်(m- preg)(Completed)Donde viven las historias. Descúbrelo ahora