Ep(18)

21.9K 1.4K 21
                                    


Unicode

ရာဇမာန်တစ်ယောက် ရွှေစင်ဦးပို့လာတဲ့ ကောင်လေးရဲ့ဓာတ်ပုံနဲ့ အချက်အလက်တွေကို companyရုံးခန်းထဲရှိ နောက်မှီခုံတွင် ထိုင်ရင်းစဥ်းစားခန်းဝင်နေသည်။

ရွှေစင်ကတော့ ဒီကောင်လေးက သူပိုင်ဆိုင်တဲ့အရာကို လုယူမဲ့ရန်သူမို့လို့ ကြိုရှင်းတာလို့ ပြောခဲ့သည်။ဘယ်လိုပိုင်ဆိုင်မှုကိုများ ကာကွယ်ဖို့ လူသတ်တဲ့အထိ မိုက်ရူးရဲဆန်နေတာပါလိမ့်
ရာဇလည်း ဒီထက်ပိုပြီးသိချင်ပေမယ့် သူမမပြောချင်တဲ့ အတွင်းရေး ကိစ္စဖြစ်နေတော့ ထပ်မမေးဖြစ်တော့ ၊ကိုယ်က အရူးမူးချစ်နေသူမို့လို့ ရွှေစင်ပျော်ရွင်ဖို့ လူသတ်ရမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကမ္ဘာအဆုံးထိ လိုက်သတ်ဖို့ ဝန်မလေးပေ။

"Sir ကျွန်တော့ကို ခေါ်တယ်ဆိုလို့"

"ဟုတ်တယ်..ခစား မင်းအတွက် အလုပ်ပေါ်လာလို့ ငါခေါ်ခိုင်းလိုက်တာ"

"ဟုတ်ကဲ..ကျွန်တော် ဘာလုပ်ပေးရမလဲ sir"

မင်းခစား ဆိုတာ ရာဇမာန်ရဲ့ ယုံကြည်အားအထားရဆုံး ညာလက်ရုံးတစ်ယောက် ကိုယ့်အပေါ်မှာ သစ္စာရှိသလို သေဆိုသေ ရှင်ဆိုရှင်ပေးမယ့် တပည့်ကောင်းတစ်ယောက်ပင်။

ရာဇ ကောင်လေးရဲ့ အချက်လက်ဖိုင်တွဲကို ခစားကို လှမ်းပေးရင်း..

"မင်း ဒီနေ့ လူတစ်ယောက်ကို မြို့စွန်က ဂိုဒေါင်ဆီ ဖမ်းခေါ်လာပေးရမယ်..အေး..ငါလိုချင်တာကတော့ သူ့ကိုဖမ်းတာ ဘယ်သူမှမမြင်စေနဲ့..ငါ့ဆီ အရှင်ရအောင်ခေါ်လာခဲ့..ငါ ဂိုဒေါင်မှာ စောင့်နေမယ်"

"ဟုတ် sir..ညနေ ဒီကောင်လေး ဆရာ့အရှေ့ရောက်နေစေရမယ်"

လင်း ဒီနေ့ သင်တန်းက တစ်နာရီစောဆင်းတာမို့ ကိုစစ်ကို ဖုန်းခေါ်ထားလိုက်ပြီး ကိုစစ်အလာကို သင်တန်းရှေ့မှာ ရပ်စောင့်နေလိုက်သည်။ထူးမြတ်တို့က အိမ်ကကား သင်တန်းပြီးသည်အထိ စောင့်ပေးနေကျဖြစ်တာကြောင့် သင်တန်းစောပြီးလည်း အကြောင်းမရှိပေ။ကိုစစ်လည်း လာနေပြီမို့ သူတို့လည်း စောင့်မပေးတော့ဘဲ
အစောလေးတင်မှ ပြန်သွားလေပြီ။

"ပွမ်..ပွမ်"

အိမ်စီးကား အနက်ရောင် တစ်စီး လင်းရဲ့ခပ်လှမ်းလှမ်းမှာ လာရပ်ပြီး ခပ်သန့်သန့်ဝတ်စားထားသော အမျိုးသားတစ်ယောက် ကားရှေ့ခန်းမှ ခေါင်းထွက်လာရင်း..

အမုန်းလွန်သော်(m- preg)(Completed)Où les histoires vivent. Découvrez maintenant