သခင်စေရာ အပိုင်း(၈)
သခင်မနက်မိုးလင်းသူ့ရင်ခွင်ထဲတွင်သူ့အားတင်းတင်းကြပ်ဖက်ပြီးအိပ်ပျော်နေသော အကောင်ပေါက်လေးအားသေချာကြည့်မိသည်။မျက်တောင်တိုစိပ်စိပ်လေးတွေဝန်ရံထားတဲ့မျက်လုံးလေးကအမြဲညှိုးငယ်သိမ်ငယ်နေသလို။ခေါင်းကသူ့ဘက်လှည့်အိပ်နေ၍နှုတ်ခမ်းခပ်စူစူရဲရဲလေးမှာ ရှေ့သို့စူထွက်နေလေသည်။သူထိုနှုတ်ခမ်းသေးသေးလေးအားအသံထွက်သည်ထိနမ်းလိုက်လေသည်။
"ပြွတ်စ်"
သူနမ်းလိုက်မှထိုလေးမှာလူးလူးလွန့်လွန့်လုပ်၍နိုးလာလေသည်။သူကျွန်တော့်ကိုဖက်ထားမှန်းသိ၍သူ့လက်ကိုလွှတ်ပြီး ငေါက်ခနဲထထိုင်လေသည်။
"အ့"
ညကကျွန်တော်ကြမ်းထားမိသည့်အတွတ် သူအခုလိုထလိုက်၍နာသွားခြင်းဖြစ်သည်။"ထပြီး မျက်နှာသစ်ပြီးရင် မင်းမေမေဆီလိုက်ပို့မယ်"
"ဟုတ် ဦး"
သူလေးတရွေ့ရွေ့ဖြင့်ရေချိုးခန်းဝင်သွားလေသည်။
သူပြန်ထွက်လာမှ"အောက်မှာမနက်စာ သွားစားမယ်"
ကျွန်တော်သူ့မျက်နှာလေးအားကြည့်၍ပြောလိုက်သည်။"ဟို ဟို သားကို မေမေ့ဆီအရင်ပို့ပေးပါ မနက်စာမစားတော့ဘူး"
ကျွန်တော့်အားသူမကြည့်ရဲသလိုခေါင်းလေးငုံ့၍ဖြေလာသည်။သူလည်းသု့မေမေဆီအရမ်းသွားချင်နေလောက်ပြီ။ဂရုစိုက်တတ်တာမင်းပုံစံမဟုတ်ဘူး မင်းသခင်
သူ့ဘာသာဘာဖြစ်ဖြစ်ဂရုမစိုက်နဲ့။"အင်း လိုက်ပို့မယ် "
နှစ်ယောက်လုံးသူ့အမေတင်ထားသည့်ဆေးရုံသို့ထွက်လာလိုက်သည်။တလမ်းလုံးလည်းကျွန်တော့ဘက်ကိုစောင်းငဲ့မကြည့်။ကျွန်တော်အရင်တွေ့ဖူးတဲ့လူတွေနဲ့တခြားစီ။အရင်လူတွေဆိုကျွန်တော်အခုလိုလိုက်ပို့ခဲ့ရင်သူတို့အတွတ်မဟာကံထူးဆုကြီးပေါက်သလိုပင်ပျော်နေကြသည်။အခုထိုကလေးက အဲ့လိုမဟုတ် အခြားလူတွေနဲ့မတူလို့ သူအဲ့ကလေးပေါ်ပိုစိတ်ဝင်စားမိတာနေမှာ။
"ရောက်ပြီ အလင်း ဒီနေ့ကစပြီးမင်းကိုငါ အလင်းလို့ပဲခေါ်မယ်"
YOU ARE READING
သခင်စေရာ
Teen Fictionမင်းကငါထားရာနေ စေရာသွားပဲ အလင်း မင်း ငါ့အရိပ်အောက်ရှိနေသ၍ ငါ့အရုပ်ပဲ #မင်းသခင် သခင်ဆိုတဲ့နာမည်အတိုင်း တင်းစီးလွန်းတဲ့ခင်များကို ကြောက်လည်းကြောက်တယ် ရင်လည်းခုန်တယ် #လင်းမြတ်ပိုင် ပိုင်ကငါတိတ်တခိုးချစ်ရတဲ့လူ ပိုင့်ကိုဘာမှထိခိုက်မှုမရှိစေရဘူး ထိခိုက်လ...