သခင်စေရာ အပိုင်း(၂၆)🔞🔞🔞🔞🔞
မင်းသခင် နောက်နေ့ အလင်း ထိုင်မည့်နေရာကို သူ့စားပွဲနဲ့တန်းတန်းထားခိုင်းလိုက်သည်။အဲ့တာမှအဝငမ်းလို့ရမှာ။
"ကျွန်တော်ရောက်ပါပြီ ဦးမင်းသခင်"
လင်းမြတ်သူရောက်ကြောင်း လက်မှတ်ထိုးပြီးခဲ့သော်လည်း ဦးနှင့်တခန်းထဲမို့မိတ်ဆက်လိုက်သည်။
"အင်း ထိုင်.ညနေကိုယ်စားလှယ်တွေကိုကြိုဆိုတဲ့အနေနဲ့စားသောက်ပွဲလုပ်ပေးထားတယ် တက်ဖို့ဖိတ်ပါတယ် ဦးလင်းမြတ်ပိုင်"
လင်းမြတ်သူ့စားပွဲကနေပင်
"ဟုတ် ကျွန်တော်တက်နိုင်အောင်ကြိုးစားပါ့မယ်"
လင်းမြတ်စိတ်ပျက်လှသည်။ဦးကသူ့အားစိုက်ကြည့်နေသည်မှာမျက်တောင်ပင်မခတ် သူနေရခက်လှပြီ။
ဦး၏အကြည့်တွေအား သူနားလည်သည်။ရီဝေဝေနှငိ့ လူကိုစားမတတ်ဝါးမတတ်ပင်။ဦးသူ့စားပွဲမှထလာသည်ကိုမြင်ရ၍ လက်များကတုန်နေလေသည်။ထိုအချိန်ကွက်တိပင်
"ဟာ သခင့် "
အခန်းထဲအော်ပြီးဝင်လာသော စစ်မှူးနှင့်အာကာရယ် ကောင်းလေးနှင့်ကိုထွဋ်
ကိုထွဋ်ကသူ့အားမြင်သည်နှင့်
"ပိုင်လေး မင်းသိပ်လုပ်ရက်တယ်နော် ဒီမှာဒိကောင်ကြီးအရူးတပိုင်းလိုပဲ မင်းကိုဒီတခါစိတ်ပျက်တယ် ပိုင်လေး"
"ဦးထွဋ်ကလည်း ကိုကိုမြတ်မှမသိတာ ကို အပြစ်မပြောပါနဲ့"
"အခု အခု ဘာတွေပြောနေကြတာလဲ "
သူတို့ပြောနေတာတွေတကယ်ကိုတစ်လုံးမှနားမလည်ပေ။
သူဘာအမှားလုပ်မိလို့လဲ"အေး သိချင် မနက်ဖြန်အိမ်လာခဲ့ လင်းမြတ်ပိုင် ငါတို့ပြောပြမယ်"
စစ်မှူးမှမျက်နှာတည်ကြီးနှင့်ပြောလေသည်။
"အခု ဆေးရုံသွားဖို့လာခေါ်တာ သခင် ဟိုမှာအခြေမနေမကောင်းတော့ဘူး နောက်ဆုံးအချိန်လို့လဲ ပြောသံကြားတယ်"
"အေး အဲ့တာဆို အမြန်သွားကြမယ်"
ဦးမှပြောပြီးပြီးချင်း ခုံမှသူ့ကုတ်အားပြေးယူကာ အရင်ထွက်သွားလေသည်။ကိုစစ်ကတော့သူ့ကိုမကြညကြည့်ကြည့်သွားလေသည်။
YOU ARE READING
သခင်စေရာ
Jugendliteraturမင်းကငါထားရာနေ စေရာသွားပဲ အလင်း မင်း ငါ့အရိပ်အောက်ရှိနေသ၍ ငါ့အရုပ်ပဲ #မင်းသခင် သခင်ဆိုတဲ့နာမည်အတိုင်း တင်းစီးလွန်းတဲ့ခင်များကို ကြောက်လည်းကြောက်တယ် ရင်လည်းခုန်တယ် #လင်းမြတ်ပိုင် ပိုင်ကငါတိတ်တခိုးချစ်ရတဲ့လူ ပိုင့်ကိုဘာမှထိခိုက်မှုမရှိစေရဘူး ထိခိုက်လ...