သခင်စေရာ

8.6K 345 1
                                    

အပိုင်း(၂၀)

သူတို့အားလုံး ခွဲစိတ်ခန်းရှေ့တွင်အကုန်စိတ်ပူစွာရပ်စောင့်နေမိကြသည်။ဦးဖေဖေနဲ့မေမေဆို ထိုင်မရမရ ဖြစ်နေလေသည်။

"မေမေ ဦးသက်သာမှာပါနော်"

ဦးမေမေကသူ့အား မေမေလို့လော်ခိုင်းထားခြင်းဖြစ်သည်။

"သက်သာမှာပါ သားရယ် စိတ်မပူနဲ့နော်"

ဦးမေမေကသူ့အားစိတ်မပူဖို့ပြောသော်လည်းသူငိုချင်နေမိသည်။

"လူနာကိုခွဲစိတ်ပြီးပါပြီ အခြေအနေအားလုံးကောင်းပါတယ် ခင်မျ"

ဦး ဖေဖေ၏ကိုယ်ပိုင်ဆေးရုံနဲ့လာ၍ခွဲစိတ်သည့်အတွက် ဘာမှပူစရာမလိုပေ။ Mediaသမားတွေဝင်လို့မရအောင်လည်းလုပ်ထားသည်။

ဦးဖေဖေမှနေ၍

"ဒါဆိုဝင်ကြည့်လို့ရပြီလား Dr."
"ဟုတ် ရပါပြီ သမ္မတကြီး"

ဦးဖေဖေနှင့်အတူ အကုန်လုံးဆေးရုံခန်းတွင်းသို့ဝင်ခဲ့လိုက်သည်။ဦးကတော့သတိမရသေးပေ။သူဦး၏လက်အားကိုင၍မျက်ရည်များကျနေမိသည်။ဦးမရှိရင်တော့ဆိုတဲ့စိတ်ကသူ့ကိုအသေသတ်နေသည်၊

ဦး ဖေဖေက
"ငါ့သားကိုလုပ်တဲ့ကောင်တွေအကုန်လူံးကိုသိချင်တယ်
ပြီးရင် အပြင်းထန်ဆုံးအပြစ်ဒဏ်ကို ရဲစခန်းကိုပေးခိုင်းပါ
ဒါလူသတ်မှု အခန့်မသန့်ရင်သေနိုင်တယ်"

ဦးဖေဖေမှသူ၏သက်တော်စောင့်အားမှာပြီးသည်နှင့်သူကိုယ်တိုင်ရဲဋ္ဌာနသို့လိုက်သွားလေသည်။
ဦးမေမေကလည်း ဦးသက်သာရင်စားဖို့ဆိုပြီး အိမ်ပြန်သူကိုယ်တိုင်ချက်ပြုတ်လေသည်။

သူပဲဦးကိုစောင့်နေရသည်။

"ဦး မရှိရင် ဆိုတဲ့အတွေးကကျွန်တော့်ကိုဘယ်လောက်နှိပ်စက်လဲသိလား ဦး ဦးမရှိရင် ကျွန်တော်ပါမရှိနိုင်လောက်တဲ့အထိပဲ အီး ဟီး ဟီး အရမ်းချစ်တာမို့ မြန်မြန်နိုးခဲ့တော့ "
သူဆေးရုံတွင်းဘာညာမသိပဲအော်ဟစ်ငိုနေမိသည်။

"ကလေး လား ဒီလောက်ငိုနေရအောင် ဟင်"
"ဦး ဦးသက်သာပြီလား အီးဟီး သားကိုထားခဲ့ပြီထင်နေတာ"

"အရူးလေး အရမ်းချစ်လွန်းလို့တောင်မထိရက်တာ ဘယ်တော့မှထားမသွားဘူး"

သခင်စေရာWhere stories live. Discover now