သခင်စေရာ

9K 369 1
                                    

သခင်အိမ်ပြန်ရောက်နေသော်လည်းအကောင်ပေါက်ကထွက်မကြိုပေးသေး။
သူ သရဖီနှင့်ညစာစားပြီးတခါထဲပြန်လာလေသည်။ထိုကလေးကိုcompanyမှ တယောက်ထဲပြန်လွှတ်ခဲ့ရသည်။
အခုအိမ်ရောက်လို့အခန်းထဲဝင်သည်အထိ သူ့ကိုထွက်မကြိုပေ။အခန်းထဲက ကုတင်ပေါ်၌ခွေခွေလေးအိပ်နေလေသည်။

သူအင်္ကျီလဲဖို့ကြယ်သီးဖြုတ်သည့်အခါမှထလာလေသည်။
ဘာမှမပြော သူ့လည်းမကြည့်ပဲ ကြယ်သီးများကိုသာဖြုတ်နေလေသည်။ ဖြုတ်ပြီးပြီးချင်းပင် လှည့့်ထွက်သွားလေသည်။သူထိုကလေးလှည့်မထွက်မှီလက်ကိုဆွဲ၍

"ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး ရေချိုးဖို့ ရေချိုးခန်းထဲရေစပ်ပြီးသား"

ပြောပြီးပြီးချင်း လက်ကိုဖယ်၍ အောက်ဆင်းရန်ပြင်နေပြန်သည်။မဟုတ်သေးပါဘူး အရင်ကဆို သူ့ကိုကြည့်တောင်မကြည့်ရဲတဲ့ကလေးက အခုစကားတောင်ခပ်ပြတ်ပြတ်ကြီးဖြစ်နေလေသည်။သူတင်းရင်ကိုယ်ကချော့လို့မရပေ။

"အေး စပ်ထားထားမထားထား မင်းလိုက်ချိုးပေးခု"

သူခပ်တည်တည်နှင့်ပြောလိုက်တော့မှ မျက်ရည်ဝိုင်းနေတဲ့မျက်လုံးလေးတွေနှင့်ကြည့်နေလေသည်။
မရဘူးနော် မင်းသခင် မင်းပျော့လို့မရဘူး အဲ့အကြည့်ကို မမြင်ချင်ယောင်ဆောင်

"လာ ငါအခုရေချိုးတော့မှာ"

သူပြောပြီးပြီးချင်း ထိုကလေးလက်ကိုဆွဲ၍ ရေချိုးခန်းသို့ဝင်ခဲ့လိုက်သည်။ပြီးနောက်ရေချိုးကန်ထဲဝင်ထိုင်လိုက်လေသည်။ထိုကလေးက သူ့အနောက်မှနေ၍ခန္ဓာကိုယ်အား သူ၏လက်ဖဝါးနုနုလေးများနှင့်ပွတ်၍ ကိုယ်တိုက်ဆပ်ပြာရည်လေးနှင့်ပွတ်သပ်နေလေသည်။

ရင်ဘတ်ကိုတိုက်ဖို့အတွတ်ကသူ့ခမျာအခက်ခဲဖြစ်နေလေသည်။ကန်ထဲပဲဆင်းစိမ်ပြီးတိုက်ရမလား အပြင်ကနေပဲလှမ်းလုပ်ပေးရမလား အခက်တွေ့နေပုံပင်။

သူထိုကလေး အခက်တွေ့နေတာကိုသိသည်။မသိချင်ယောင်ဆောင်၍မျက်လုံးမှိတ်ထားလိုက်လေသည်။အပြင်ကလှမ်းတိုက်ဖို့ရာကျကန်ကကျယ်နေ၍ သူ့လက်သေးသေးလေးများဖြင့်တိုက်ရန် ကျွန်တော့်ကိုမမှီပေ။

သခင်စေရာWhere stories live. Discover now