သခင်စေရာ အပိုင်း(၂၄)
5years later
"လင်းမြတ်မင်း ပူတူးမပြီးသေးဘူးလား ပါးပါးအလုပ်သွားရတော့မှာနော်"
လင်းမြတ် အလုပ်သွားဖို့အိတ်ထဲထည့်စရာရှိတာတွေထည့်လိုက်သည်။
"ပြီးပြီ Papa သွားလို့ရပြီ ဟီး"
ရှေ့မှသူ၏သားလေးမှလာပြောမှသူထည့်လက်စတွေကိုရပ်ပြီးလှည့်ကြည့်လိုက်လေသည်။
"ပါးပါး သားလေးကချစ်ဖို့ကောင်းတယ်ကွာ"
သူတို့Kဘက်မှာပဲအခြေချနေ၍သားကမွေးကထဲကဖြူဥနေလေသည်။သူ့ဖေဖေနှင့်တူ၍လည်းအလွန်ချောမောသည်။ချစ်ဖို့ကောင်းသည်။ပါးဖောင်းဖောင်းလေးတွေက ပေါင်မုန့်တုံးလေးတွေလိုပင်။
"ပါး ပါး"
"အင်း အင်း သွားမယ်နော် ပူကြူး "သူတို့အိတ်လေးတွေကိုယ်ဆီလွယ်၍သွားဖို့ပြင်လိုက်ကြသည်။
"ဒီသားအဖကျောင်းသွားတော့မှာလား လင်းမြတ် မင်းမေမေနေမကောင်းဘူးနော် ပြန်ဖို့လည်းစဉ်းစားအုံး ပြီးတာတွေလည်းပြီးပါပြီကွာ ကလေးလည်း သူ့ဆွေမျိုးတွေတွေ့ဖူးချင်မှာပေါ့ ခွဲမထားပါနဲ့ကွာ"
သူတချက်တွေဝေသွားသည်။ဟုတ်သည် သားလေးကို ဒီမှာတသက်လုံးထား၍မဖြစ်။သားကအခုမ၅နှစ်ဆိုတော့ကျောင်းထား၍မရသေး။သားပညာရေးကလည်းရှိသေးသည်။
"အင်း လေယာဥလက်မှတ်ဖြတ်ထားလိုက် ခန့် ငါတို့မေမေ့ဆီသွားရအောင်ငါအလုပ်ကိုတော့မင်းဦးလေးကိုပြောပြီးမြန်မာကcompanyတခုနဲ့ချိတ်ခိုင်းလိုက်မယ်"
"အေး အေး "
သူတို့ပြောပြီးသည်နှင့်သားလေးအားခေါ်ကာအလုပ်သို့ထွက်ခဲ့သည်။ဒီကိုစရောက်ခါစက မင်းခန့်ဦးလေးရုံးမှာပဲဝင်လုပ်ခဲ့သည်။သူ့ကိုလည်းအတော်ပင်ချစ်ပါသည်။
သူရုံးရောက်သည်နှင့် သူဋေးရုံးခန်းသို့ဝင်ခဲ့သည်။
"ဦး သားနဲ့ကျွန်တော် မြန်မာကိုပြန်ချင်လို့"သားလက်ကိုဆွဲကာပြောလိုက်သည်။
"အင်းပါ မင်းခန့်ကောမလား သူဖုန်းကြိုဆက်ထားတယ်"
YOU ARE READING
သခင်စေရာ
Teen Fictionမင်းကငါထားရာနေ စေရာသွားပဲ အလင်း မင်း ငါ့အရိပ်အောက်ရှိနေသ၍ ငါ့အရုပ်ပဲ #မင်းသခင် သခင်ဆိုတဲ့နာမည်အတိုင်း တင်းစီးလွန်းတဲ့ခင်များကို ကြောက်လည်းကြောက်တယ် ရင်လည်းခုန်တယ် #လင်းမြတ်ပိုင် ပိုင်ကငါတိတ်တခိုးချစ်ရတဲ့လူ ပိုင့်ကိုဘာမှထိခိုက်မှုမရှိစေရဘူး ထိခိုက်လ...