သခင်စေရာ အပိုင်း(၂၈)
အသက်မပြည့်သေးရင်ဒီအပိုင်းကိုတကယ်မဖတ်ပါနဲ့🔕🔕
ပြီးမှဘရက်ရ်ှတိုက်ရင်သောက်ခွက်ရိုက်မှာနော် :-)လင်းမြတ် ဦးအိမ်ကို ဦးလာကြိုခိုင်းတဲ့ကားနှင့်လာလိုက်သည်။မေမေကတော့သားစိတ်ချမ်းသာမယ်ထင်ရင်လုပ်လို့ပဲပြောခဲ့သည်။ကျန်တာဘာမှမပြောပေ။ညီလေးနှင့်ညီမလေးကတော့ ကိုကြီးသခင်နဲ့အခုလိုပြန်ဖြစ်တာကောင်းတယ်လို့ပြောပြီး တခွီးခွီးရယ်နေကြပြန်သည်။
"ပါပါး သားသားကိုအဲ့ အာဂျူရှီးကချစ်မှာလားဟင်"
သားကသူစိမ်းနဲ့နေရသည်မို့ကြောက်နေသည့်ဟန်။မျက်လုံးကြည်တောက်တောက်လေးတွေလက်လက်ထအောင်ကြည့်ပြီးပြောနေသည်ကအူယားစရာပင်။
"ချစ်မှာပေါ့ အဲ့ဦးကသားကိုအရမ်းချစ်ပေးလိမ့်မယ် "
သူသားခေါင်းလေးကိုဖွဖွပုတ်ကာပြောလိုက်သည်။ဟုတ်ဆိုသည့်အသံလေးနှင့် ဂုတ်ကလေးပုကာ သူ့ရင်ဘတ်ထဲတိုးဝင်ပြီး အပြင်ကရှုခင်းလေးတွေကိုငေးလိုက်လာလေသည်။
ကားလေးက ဦးနှင့်သူ၏အရင်ကအိမ်လေးအတွင်းသို့ဝင်ရောက်လာလေသည်။အိမ်အကူများ ခြံစောင့်များ အလုပ်သမားတော်တော်များများက အဝင်ဝတွင်ရပ်ကာ ကြိုဆိုနေကြသည်။
"လာ ကလေး သားသားကို ကိုယ်ချီလိုက်မယ်"
အင်္ကျီအဖြူလက်ရှည်ကို ခေါက်တင်ထား၍အကြောစိမ်းစိမ်းများကပေါ်နေလေသညိ။အကောင်းစားနာရီတစ်လုံးကလည်း ဦးလက်နှင့်လိုက်ဖက်စွာရှိနေလေသည်။
"ကလေး ကလေး ကိုပြောတာကြားလား"
သူ ဦးကိုဘယ်လောက်ငေးနေမိသည်မသိ သားသားနှင့်ဦးကအပြိုင်အဆိုင်ပြူးတူးတူးလေးတွေနှင့်ကြည့်နေကြသည်။သူရှက်ရမ်းရမ်းကာ
"ကြားပါတယ် အရမ်းမအော်ပါနဲ့"
သူခပ်တည်တည်ပင်ပြောကာ ကားပေါ်မှဆင်းလာလိုက်သည်။သားကတော့ဦးလက်ထဲမှာပြုံးရွှင်လို့ပင်၊သွေးကစကားပြောသည်ဆိုလည်းမမှားပေ
"ဒါက ကျွန်တော့သားနှင့် ယောကျာ်းပါ အားလုံးကျွန်တော့်ကိုဆက်ဆံသလိုဆက်ဆံပေးပါ"
YOU ARE READING
သခင်စေရာ
Teen Fictionမင်းကငါထားရာနေ စေရာသွားပဲ အလင်း မင်း ငါ့အရိပ်အောက်ရှိနေသ၍ ငါ့အရုပ်ပဲ #မင်းသခင် သခင်ဆိုတဲ့နာမည်အတိုင်း တင်းစီးလွန်းတဲ့ခင်များကို ကြောက်လည်းကြောက်တယ် ရင်လည်းခုန်တယ် #လင်းမြတ်ပိုင် ပိုင်ကငါတိတ်တခိုးချစ်ရတဲ့လူ ပိုင့်ကိုဘာမှထိခိုက်မှုမရှိစေရဘူး ထိခိုက်လ...