သခင်စေရာ အပိုင်း(၂၁)🔕🔕
ဒီနေ့က ဦးဆေးရုံဆင်းပြီး၂ရက်လောက်ရှိတော့မည်။ဒါတောင်ဦးမေမေကစိတ်မချဟုဆို၍၂ယောက်လုံးမပြန်ရပေ။သမ္မတအိမ်ပြာတော်ပေါ်မှာပဲသောင်တင်နေလေသည်။
"ဦးနေကောင်းသေးတာမဟုတ်ဘူးနော် မြန်မြန်ချိုး"
သူ ဦးကိုအခန်းထဲမှ နေရေချိုးခန်းထဲထိပေါက်အောင်အော်နေရသည်။ဦးတို့မိသားစုကသူတို့အပေါ်ကျေးဇူးကြီးသည်။အခုဆိုသူ့မေမေဆို ထမင်းဆိုင်ကြီး တစ်ဆိုင်ဖွင့်ပေး၍ ညီလေးတို့ကိုလည်း ကျူရှင် Guideတွေကအစငှါးပေးထားလေသည်။
"ကလေး ကိုယ်ရောက်တာကြာနေပြီ ဘာတွေတွေးနေတာလဲကွာ"
ဦးကမျက်နှာကိုtowerနှင့်သုတ်ရင်းမေးလေသည်။
ဦးကသိပ်ခန့်ညားတာ။"ဘာမှမဟုတ်ပါဘူး ဦးရာ ရောက်တတ်ရာရာပေါ့"
သူဦးဝတ်မည့်အင်္ကျီကိုထ၍ရှာပေးရင်းပြောလိုက်သည်။
ဦးကသူ့နောက်မှ ကပ်ရပ်နေတာ လေပင်တိုးမရတော့။"ဦး ဘာဖြစ်နေတာလဲကွာ ဖယ် အင်္ကျီရွေးနေတာကို"
ဦးကိုသူပြောလိုက်သည်တွင် နောက်ဆုံး၌အသံအဖျားခတ်တုန်ရင်နေလေသည်။
"ကလေး "
ဦးလည်းအသံတွေတုန်ယင်လှိုက်ဖိုနေသည်မို့ဘာဖြစ်နေမှန်းသူသိသည်။"ဟင့်အင်းနော် ဦး အ့"
ဦးက သူ၏နားရွက်ဖျားများ လည်ပင်းများအား လိုက်လံစုပ်ယူနေလေသည်။
"သားရေ လင်းမြတ်လေး ထမင်းစားရအောင်လေ မေမေတို့စောင့်နေတယ်"
ဦးမေမေတံခါးလာခေါက်မှလွတ်တော့သည်။
"ဦး ဖယ်တော့ အောက်မှာမေမေတို့စောင့်နေတယ်လေ""ဟင့်အင်းကွာ"
"ည ညမှလေနော် ဦးသဘော နော်"သူပြောမရသည့်အဆုံးကတိပေးလိုက်ရသည်နှင့်မျက်နှာကြီးစပ်ဖြီးဖြီးနှင့်ကျွန်တော့အားကြည့်လာလေသည်။
"အိုခေ ဒါဆိုဆင်းနှင့် ကိုအင်္ကျီလဲပြီးဆင်းခဲ့မယ်"
နှုတ်ခမ်းအားတချက်ဖွဖွထိပြီးသည်နှင့်ပြန်လွှတ်ပေးလေသည်။
YOU ARE READING
သခင်စေရာ
Teen Fictionမင်းကငါထားရာနေ စေရာသွားပဲ အလင်း မင်း ငါ့အရိပ်အောက်ရှိနေသ၍ ငါ့အရုပ်ပဲ #မင်းသခင် သခင်ဆိုတဲ့နာမည်အတိုင်း တင်းစီးလွန်းတဲ့ခင်များကို ကြောက်လည်းကြောက်တယ် ရင်လည်းခုန်တယ် #လင်းမြတ်ပိုင် ပိုင်ကငါတိတ်တခိုးချစ်ရတဲ့လူ ပိုင့်ကိုဘာမှထိခိုက်မှုမရှိစေရဘူး ထိခိုက်လ...