သခင်စေရာ အပိုင်း(၁၂)
ထွဋ်ခေါင်မနက်နိုးလာသောအခါသူ့ရင်ခွင်ထဲမှတစုံတခုကသူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားသလိုခံစားလိုက်ရသည်။ခေါင်းကလည်းထူပူပြီးကိုက်လိုာသည်။
"အား ကျွတ်စ် ကျွတ်စ်"
သူခေါင်းကိုဖိကိုင်ရင်းမှသူ့အားဖက်ထားသလိုခံစားရ၍မျက်လုံးဖွင့်ကြည့်လို့မြင်လိုက်ရသည့်အရာကသူ့ကိုအံ့သြသွားစေသည်။
"ငမွှေထိုးလေးက သူ့ဆီဘယ်လိုရောက်နေတာလဲ ဘာလို့သူကောအဲ့ကလေးမှာကော အင်္ကျီမရှိရတာလဲ"
သူထိုကလေးအားအတင်းလှုပ်နှိုးမိလိုက်သည်။
"ဟိတ် ကောင်းကင်ယံ ဟိတ် ထစမ်း "
သူ ထိုကလေးကိုယ်အားအတင်းလှုပ်နှိုးသောအခါမှ လူးလူးလွန့်လွန့်လေးနိုးလာလေသည်။
"မင်းနဲ့ငါ ဘာဖြစ်တာလဲ ညက မင်းကကော ဒီအခန်းထဲဘယ်လိုရောက်နေတာလဲ အခုမင်းနဲ့ငါနဲ့ကဘာဖြစ်သွားပြီလဲ ဟမ် ကောင်းကင်ယံ"
သူစိတ်တိုစွာမေးမိသွားလေသည်။ထိုကလေးကနေရာတကာပါလွန်းသည်။သူထိုကောင်လေးကိုတကယ်ကြည့်မရပါ။
"သား သားတို့ ညက အဟင့် အီး ဟီး"
ဘာမှဆက်မပြောပဲငိုသာနေလေသည်။
"ကောင်းကင်ယံ ညကငါတိူ့ဘာဖြစ်တာလဲလို့ငါမေးနေတယ်လေ မင်း အ သွားတာလား ဟမ် ပြောစမ်း ပြောလေ"
သူထိုကလေးကိုယ်အားအတင်းရမ်းခါပြီးမေးနေမိလေသည်။ထိုကောင်လေးကတော့ဘာမှမပြောပဲငို၍သာနေလေသည်။
"ဟာကွာ တောက်"
သူစိတ်တိုစွာ တောက် ခေါက်ပြီး မွေ့ယာပေါ် သူလက်သီးဖြင့်ထိုးမိသွားသည်။သူအခု ဘယ်လိုလုပ်ရမလဲ?ပိုင်လေး သူ့ဆီပြန်လာခဲ့ရင် သူ ဘယ်လိုကြိုဆိုရတော့မလဲ?
ပိုင်လေးကို သူအပြီးအတိုင် နှုတ်ဆက်ရမှာလား?"သား သားကို တာဝန်မယူလည်း ရပါတယ် သားကယောကျာ်းလေးပါ မိန်းကလေးလည်း မဟုတ်ပါဘူး အဟင့်"
"တော်စမ်း မင်းကငါ့ကို လူယုတ်မာဖြစ်စေချင်တာလား?
ဟမ် မင်းကိုငါယူမယ် ငါ့အမှားအတွတ် ငါတာဝန်ယူမယ်
ဒါပေမယ့် ငါမင်းကိုလုံးဝ မချစ်ဘူးဆိုတာ မင်းသိထား ကောင်းကင်ယံ"
YOU ARE READING
သခင်စေရာ
Teen Fictionမင်းကငါထားရာနေ စေရာသွားပဲ အလင်း မင်း ငါ့အရိပ်အောက်ရှိနေသ၍ ငါ့အရုပ်ပဲ #မင်းသခင် သခင်ဆိုတဲ့နာမည်အတိုင်း တင်းစီးလွန်းတဲ့ခင်များကို ကြောက်လည်းကြောက်တယ် ရင်လည်းခုန်တယ် #လင်းမြတ်ပိုင် ပိုင်ကငါတိတ်တခိုးချစ်ရတဲ့လူ ပိုင့်ကိုဘာမှထိခိုက်မှုမရှိစေရဘူး ထိခိုက်လ...