𝑬𝑷-1

2.5K 88 2
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

တက္ကသိုလ်စတက်တဲ့နေ့မှာ Perthတစ်ယောက်ကျောင်းကိုလှည့်ပတ်လျှောက်ကြည့်နေလေရဲ့

စိတ်ထဲမှာလဲ'ကောင်မလေးတွေကအချောလေးတွေပဲ အထက်တန်းတုန်းကကောင်မလေးတွေနဲ့များကွာပ😌'

သူ့အ‌တွေးနဲ့သူမျောနေတုန်း အနောက်ကနေတွန်းခံရလိုက်သလိုဖြစ်သွားတော့ လူကယိုင်ချင်ချင်ဖြစ်သွားတယ်။ဒါပေမယ့်ကျွန်တော်ကဘာမှမဖြစ်ဘဲ ကျွန်တော့ကိုတွန်းလိုက်သလိုဖြစ်တဲ့သူက အရှိန်လွန်ပြီးချော်လဲပါလေရော။

"အဆင်ပြေရဲ့လား၊ဘာဖြစ်သွားသေးလဲ"

ကျွန်တော့အမေးကိုသူကြားတော့ခေါင်းမော့ကြည့်လိုက်တဲ့အချိန် ဘာကိုမှမပြောနိုင်တော့အောင်စွံ့အသွားစေတယ်။အတွေးထဲမှာလဲ'ဒါလူလား?နတ်သားလား?ဘုရားရေငါကောင်းကင်ဘုံများရောက်နေတာလား?ချောချက် လှချက်ကမိန်းကလေးတွေတောင်အရှုံးပေးရမယ်...'ကျွန်တော်တွေးနေတုန်းသူက

"ရပါတယ်ဗျ၊အဆင်ပြေပါတယ်၊ကျွန်တော်မမြင်လိုက်လို့ဝင်တိုက်မိတာပါ၊တောင်းပန်ပါတယ်နော်"

သူပြောလိုက်တော့ကျွန်တော့ရဲ့‌အတွေးစတွေပျက်သွားပြီး

"ရပါတယ်ကွာ၊ငါလဲဘာမှဖြစ်မသွားပါဘူး၊တောင်းပန်မနေပါနဲ့☺️"

"ကျေးဇူးပါ"

"ဒါနဲ့မင်းလက်ပွန်းသွားတယ်ထင်တယ်၊ဆေးခန်းသွားပြမလား"

"ရပါတယ်ဗျ၊မပြတော့ပါဘူး"

"ရပါတယ်ဗျလုပ်မနေနဲ့၊တော်ကြာပိုးဝင်ကုန်မယ်၊အပြင်ဆေးခန်းမသွားချင်တောင် ကျောင်းဆေးခန်းတော့သွားလိုက်၊ကြာပါတယ်ကွာငါပဲလိုက်ပို့မယ်လာ"

'လက်လေးတွေကလဲနုဖတ်နေရောပဲ😁'

ကျောင်းဆေးခန်းပြပြီးနောက်

"ကျေးဇူးတင်ပါတယ်ဗျ"

"ရပါတယ်၊ဒါနဲ့မင်းကဘယ်မေဂျာကလဲ"

"ကျွန်တော်ကICကပါ☺️"

"first yearပဲလား"

"ဟုတ်"

"ငါကအင်ဂျင်နီယာက၊first yearပဲ၊နာမည်ကတော့Perth"

"ဟုတ်ကျွန်တော့နာမည်ကSaintပါ☺️"

He Is My World🖤❤️(Completed)Where stories live. Discover now