𝑬𝒑-2

957 63 0
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

နောက်တစ်နေ့နံနက်တွင်ကျွန်တော်စောစောထပြီးကြည့်ကောင်းနေအောင်ပြင်ဆင်နေရသည်။သူ့မျက်လုံးထဲမှာကျွန်တော်ကအခန့်ဆုံးဖြစ်နေရမည်လေ😁ကိုယ့်ကိုယ်ကိုစိတ်တိုင်းကျပြင်ဆင်၍မှအောက်ထပ်ဆင်းလာပြီး

"မားရေသားသွားတော့မယ်နော်"

"မနက်စာစားမသွားတော့ဘူးလားသား"

"ဟုတ်မားသားလုပ်စရာရှိလို့😁"

"ငါ့သားရယ်ပြင်ဆင်ထားလိုက်တာမင်းသားရှုံးတယ်၊ကောင်မလေးတွေ့နေပြီလား😏"

"မားကလဲမဟုတ်ပါဘူးနော်😌"

"မသိဘူးလေဒီလောက်ပြင်ဆင်ထားတာကို"

"ဒီတိုင်းပါပဲမားရဲ့😁သားသွားတော့မယ်နော်မား အာဘွား..."

Perthပြေးထွက်သွားတော့

"ဒီသားနဲ့တော့ညနေသူငယ်ချင်းသားမိလာမှာမို့စောစောပြန်လာလို့တောင်မပြောလိုက်ရဘူး"

မားရဲ့ပါးနှစ်ဖက်ကိုနမ်းပြီးအလျင်အမြန်ပဲထွက်လာလိုက်တယ်၊မဟုတ်ရင်ပြီးတော့မှာမဟုတ်ဘူး😌
'သူ့ကိုသွားရှာရင်တွေ့ပါမလား၊တွေ့ရင်ရောငါဘာပြောရမှာလဲ၊အ‌မလေးရင်တွေခုန်လိုက်တာ😁'တွေးနေရင်းနဲ့ကျောင်းတောင်ရောက်လာပြီ☺️ကားကိုနေရာရတဲ့ဌာနကparkingမှာရပ်ထားခဲ့ပြီးICဆောင်ဘက်ထွက်လာခဲ့လိုက်သည်။

ICဆောင်ဘက်မှာရှာတာလဲမတွေ့၊စတွေ့ခဲ့တဲ့နေရာမှာရှာတော့လဲမတွေ့၊ကျောင်းဆေးခန်းဘက်တွေးမှာသွားရှာလဲမတွေ့😔အဲ့ဒါနဲ့ပဲကျွန်တော်လဲမနက်စာမစားရသေးတော့ဗိုက်ဆာတာနဲ့canteenပဲသွားရတော့သည်။

Canteenမှာ မှာထားတာတွေယူပြီးထိုင်စားနေတုန်း

"Perthမင်းအစောကြီးရောက်နေပါ့လား၊ငါ့ကိုတောင်ဖုန်းမဆက်ဘူးရောက်နေပြီဆိုတာကို😒"

"sorryပါကိုကိုPlanရယ်ကျွန်တော်မျိုးမေ့သွားတယ်😌ရှာမတွေ့လို့စိတ်ညစ်ရတဲ့ကြားထဲသူကတစ်မျိုး"

"ဘာပြောတာလဲ"

"ဘာမှမဟုတ်ပါဘူးဗိုက်ဆာနေပြီမှတ်လားမြန်မြန်မှာပြီးစားလေ"

He Is My World🖤❤️(Completed)Where stories live. Discover now