Extra

831 51 0
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ကျွန်တော်တို့တွဲလာတာကျောင်းပင်ပြီးတော့မည်။ဒီအတောအတွင်းလဲSaintရဲ့သဝန်တိုမှုကမပြောင်းလဲပါ။ကျောင်းမှာKingဖြစ်ပြီးကတည်းက ကျွန်တော့်နားမှာကောင်မလေးတွေဝိုင်းဝိုင်းလည်နေသည်လေ😁Saintကတော့ပြတ်သားသည်။သူ့ဘေးနားကောင်မလေးတွေ လာကပ်တိုင်းအပြတ်ကိုငြင်းထုတ်တတ်သည်။ကျွန်တော်ကအားနာတတ်တဲ့သူဆိုတော့ အဲ့မှာSaintနဲ့တွေ့တော့တာပဲ။

"Saintရယ်စိတ်မဆိုးပါနဲ့နော် ကိုယ်ကလေအဲ့ကောင်မလေးတွေကိုကြိုက်လို့ အနားကပ်လာတာကိုငြိမ်နေတာမဟုတ်ပါဘူး သူတို့ကမိန်းကလေးတွေဆိုတော့အပြတ်ပြောလိုက်ရင် ရှက်သွားမှာစိုးလို့ပါ ကိုယ်ကSaintကိုပဲချစ်တာပါ ယုံပါနော်😢"

"ဘယ်သူကမယုံဘူးလို့ပြောနေလို့လဲ Perthအဲ့လိုအားနာနေရင်လေ Saintနဲ့Perthဝေးသွားလိမ့်မယ်သိလား"

"ဟာဘာလို့ဝေးရမှာလဲSaintကလဲ ဘာတွေပြောနေမှန်းမသိဘူး"

"မဟုတ်လို့လား ဒါဆိုPerthမားကPerthကိုမိန်းကလေးတစ်ယောက်နဲ့ သဘောတူပါပြီတဲ့ Perthကအဲ့မိန်းကလေးကိုအားနာပြီး လပ်ထပ်မှာလားပြော"

"ဟာကိုယ်မှမချစ်တာ ကိုယ်ချစ်တဲ့Saintနဲ့ပဲလပ်ထပ်မှာပေါ့လို့"

"အဲ့ဒါဆိုအားနာနေတာတွေတော်လိုက်တော့ အားနာရင်ခါးပါတတ်တယ်တဲ့"

"အင်းပါကိုယ်အခုကစပြီးအားမနာတော့ဘူးနော်ဟုတ်ပြီလား☺️စိတ်မဆိုးနဲ့တော့"

"စိတ်ဆိုးတာမဟုတ်ပါဘူး စိတ်မကောင်းဖြစ်တာ"

"အင်းပါကိုယ်တောင်းပန်ပါတယ်နော်"ဆိုပြီးဖက်လိုက်တော့ရင်ခွင်ထဲအလိုက်သင့်လေးပါလာသည်။

အဲ့ဒါကတော့ကျွန်တော်တို့တွဲတာ၃လလောက်ကဖြစ်ကြတာပင်။ဒါတင်ပဲပြီးပြီလို့ထင်ပါသလား။မပြီးသေးပါဘူး။ပိုလို့တောင်ဆိုးတာတွေဖြစ်လာပါသေးတယ်။အဲ့ဒါကတော့ဒုတိယနှစ်လောက်တုန်းကပေါ့။

"Perthကအဖွဲ့၃ကမှတ်လားဟင်"

"အင်းဟုတ်တယ်"

"Nannလဲအဖွဲ့၃ကပဲ"

"အော်ဟုတ်လား"

ဆရာကAssignment နဲ့ presentationလုပ်ဖို့မဲနှိုက်ကာအဖွဲ့ခွဲပေးသွားလေရဲ့။မဲနှိုက်တာဆိုတော့Planနဲ့ရောPondနဲ့ပါအဖွဲ့မတူတော့။အဲ့အကြောင်းကိုလဲSaintကိုမေ့ပြီးမပြောမိ။တကယ်တော့မပြောချင်တာမဟုတ်ပါဘူး။Saintနဲ့တွေ့နေရင်တခြားအကြောင်းတွေပါမေ့ကုန်လို့ပါ😌

He Is My World🖤❤️(Completed)Where stories live. Discover now