𝑬𝒑-6

576 47 1
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

အရင်နေ့တွေကalarmသံကြားရင်နိုးနေတဲ့ကျွန်တော်က အခုalarmသံမြည်တာတောင်မနိုးနိုင်။မားကလာနှိုးမှသာ အိပ်ချင်မူးတူးနဲ့ထထိုင်မိသည်။ညကတော့ရေချိုးပြီးအိပ်လိုက်လို့မသိသာပေမယ့် မနက်ရောက်တော့တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ။ဒါတောင်ဆေးလူးအိပ်မိလို့တော််သေးသည်။

လူကမထချင်ထချင်နဲ့ထပြီးရေချိုးခန်းနားရောက်ဖို့မနည်းသွားယူရသည်။ရေချိုးလိုက်တော့လူကနည်းနည်းတော့ လန်းသွားသည်။ကျွန်တော့အကုန်ပြင်ဆင်ပြီးလို့အောက်ထပ်ကိုဆင်းလာတော့ Saintတောင်ရောက်နှင့်နေပြီ။

"Saintရောက်နေတာကြာပြီလား sorryကွာငါအိပ်ယာထနောက်ကျသွားလို့"

"ရပါတယ်Perthရဲ့ကိစ္စမရှိပါဘူး☺️"

"မားအာ့ဆိုသားသွားတော့မယ်နော် မနက်စာမစားတော့ဘူး နောက်ကျနေမှာစိုးလို့"

"အေးသားဂရုစိုက်သွားကြဦးနော်"

"ဟုတ်မား"

"အန်တီသားသွားတော့မယ်နော်ခွင့်ပြုပါဦး"လို့Saint ကမားက်ိုနှုတ်ဆက်ပြီးကျွန်တော့‌နောက်သို့လိုက်လာခဲ့သည်။

"Perthအဆင်ပြေရဲ့လားဟင်"

"ဘာကိုမေးတာလဲSaint"

"အော်မနေ့ကSaintကိုကုန်းပိုးထားရတာမှတ်လား အာ့ကြောင့်အဆင်ပြေရဲ့လားလို့မေးတာ😁"

"ပြေ ပြေပါတယ်😁(လမ်းတောင်မနည်းလျှောက်ယူရတယ်)သွားကြမယ်ကားပေါ်တက်တော့☺️"

"ဟုတ်☺️"ဟုဆိုကာကျွန်တော့ကားပေါ်သို့တက်လာတော့ ကျွန်တော်လဲကျောင်းသို့မောင်းထွက်လာမိသည်။

လူကရေချိုးတုန်းခဏလန်းတယ်ဆိုပေမယ့် အခုတော့နုံးနေသလိုဖြစ်နေသည်။ကျောင်းရောက်တော့ICဆောင်ဘက်ကိုမောင်းလာပေးပြီးရပ်လိုက်တော့Saintကမဆင်းပါ။

"Saintကျောင်းရောက်ပြီလေ အတန်းနောက်ကျနေဦးမယ် မသွားဘူးလားဟင်"

"ဟင့်အင်း Perthမှဘာမှမစားရသေးတာ Saintတို့canteenသွားရအောင် တစ်ချိန်လောက်လေးပျက်တာဘာမှမဖြစ်လောက်ပါဘူး"

"ရပါတယ်Saintရယ် ငါဗိုက်မဆာဘူး"

"ဗိုက်မဆာလဲ နည်းနည်းတော့စားရမှာပေါ့ မနက်စာမစားရင်ဉာဏ်ထိုင်းတယ်တဲ့ လာပါသွားရအောင်နော်☺️"ဆိုတာနဲ့ကားကိုParkingမှာရပ်ထားခဲ့ပြီး canteenဘက်သို့ထွက်လာခဲ့ကြသည်။တကယ်ဆိုရင်စားဖို့မပြောနဲ့ လူကလှုပ်တောင်မလှုပ်ချင်ပါ။ဒါပေမယ့်ကိုယ်တော်ချောလေးစကားနားထောင်ရမည်မှတ်လား😌

He Is My World🖤❤️(Completed)Where stories live. Discover now