𝑬𝒑-4

642 52 2
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

နောက်နေ့တွေကစပြီးကျွန်တော်တို့သွားအတူ၊လာအတူ၊စားအတူနဲ့အမြဲတပူပူးတတွဲတွဲဖြစ်လာခဲ့သည်။ပြောရမယ်ဆိုသူနဲ့ကျွန်တော်တို့ ပိုရင်းနှီးလာသည်ပေါ့။သူလဲPondတို့Planတို့နဲ့ပိုပြီးရင်းနှီးလာပြီလေ။တစ်ခါတစ်လေPondကစရင်သူကပါလိုက်စတတ်သေးသည်။အစကတော့Saintကိုအနေအေးလိမ့်မယ်လို့ထင်ခဲ့ဖူးတယ်။ဒါပေမယ့်Saintကအနေအေးတာမဟုတ်ပဲ လူတိုင်းနဲ့လိုက်လျောညီထွေနေတတ်တာကိုသိလာရတယ်။

ကျွန်တော်အခုဆိုSaintရဲ့အိမ့်ရှေ့တင်မဟုတ်ဘူး၊အိမ်ထဲကိုပါဝင်ထွက်သွားလာနေတတ်ပြီ။အရင်ကတော့သူများအိမ်တွေဆိုသိပ်မသွားတဲ့ကျွန်တော်ကအခုတော့Saintအိမ်ကို အကြောင်းအမျိုးမျိုးပြကာချောင်းပေါက်မတတ်သွားတတ်သည်။

ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာကြောင့်အိမ်တွင်သာသောင်တင်နေသည်။‌Saintအိမ်ကိုလဲနေ့တိုင်း‌နီးပါသွားဖြစ်နေတော့ အကြောင်းပြချက်တွေကလဲထပ်နေပြီ။စာအကြောင်းပြောမလို့ဆိုရင်လဲ ကိုယ်တွေကမေဂျာတူတွေမဟုတ်😌။အဲ့လိုနဲ့တစ်နေကုန်fbသုံးလိုက်၊စာအုပ်ဖတ်လိုက်နှင့်သာအချိန်ကုန်နေမိသည်။ညနေခင်းဘက်လဲရောက်နေပြီမို့လူလဲညည်းစိစိဖြစ်နေတာနဲ့ရေချိုးရင်ကောင်းမယ်ဆိုပြီးအပေါ်ထက်သို့တက်လာခဲ့လိုက်သည်။

ရေချိုးခန်းထဲတွင်သီချင်းဖွင့်ထားပြီး နားထောင်နေရင်း ဇိမ်နဲ့ရေချိုးနေလိုက်သည်။

"အန်တီPerthရှိလားဟင်"

"ရှိတယ်သားခုဏကအပေါ်တက်သွားတာတွေ့တယ် သားသွားကြည့်လိုက်လေ"

"ဟုတ်ကဲ့အန်တီသားသွားကြည့်လိုက်မယ်☺️"လို့ပြောပြီးအပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။

Perthအခန်းရှေ့ရောက်လို့တံခါးခေါက်လိုက်တော့လာမဖွင့်တာကြောင့်lockလဲမချထားတော့ကိုယ့်ဘာသာကိုယ်ပဲဖွင့်ဝင်လိုက်သည်။

အခန်းထဲဝင်တော့Perthကိုမတွေ့သဖြင့်Perthရဲ့အခန်းလေးကိုလှည့်ပတ်ကြည့်နေမိသည်။အရင်ကတော့Perthအိမ်ကိုဝင်ထွက်သွားလာနေပေမယ့် Perthအခန်းထဲတော့မဝင်ဖူးဘူးရယ်။

He Is My World🖤❤️(Completed)Where stories live. Discover now