𝑬𝒑-7

627 51 0
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

မနက်မိုးလင်းလာတော့ကျွန်တော်လဲနိုးလာသည်။ကျွန်တော်တစ်ခုခုလိုရင်အဆင်သင့်ဖြစ်အောင် လာအိပ်ပေးတဲ့သူက ကျွန်တော့်ကိုဖက်ပြီးအိပ်မောကျလို့😌သူကဖက်ရုံတင်မဟုတ်ခွပါခွနေလိုက်သေးသည်။ကျွန်တော်လဲအိပ်နေတဲ့သူကိုမနှိုးချင်သေးတာနဲ့ ခြေထောက်လေးကိုအသာလေးမကာ ဘေးလေးသို့ချလိုက်ပြီးလက်ကိုပါဖြည်ဖို့လုပ်တော့ ဒင်းလေးကပိုတိုးလို့ဖက်လာလေသည်။ကျွန်တော်လဲခဏတော့ငြိမ်နေလိုက်သေးသည်။သူနိုးမှာစိုးလို့ပါ😁ခဏကြာတော့မားလာနှိုးမည်စိုးသဖြင့် ကျွန်တော်လဲမနှိုးချင်နှိုးချင်နှိုးရသည်။

"Saintထတော့လေ မိုးလင်းနေပြီကျောင်းသွားရဦးမယ်လေ"

"အန် အင်း"ဆိုပြီးအိပ်မှုံစုံမွှားလေးနှင့်နိုးလာသည်။

"ထ မျက်နှာသစ်ရေမိုးချိုးပြီး ကျောင်းသွားကြမယ်"

"ဟင်Perthကရေချိုးမလို့လား မချိုးရဘူးနော် ပြန်ဖျားမယ်"

"innပါမချိုးဘူးနော် ရေပတ်ပဲတိုက်မယ်☺️"

"Saintလုပ်ပေးရမလား😁"

"အခုနေကောင်းနေပြီ ကိုယ့်ဘာသာကိုယ်လုပ်မယ်နော်😅"

"ဟွန့်🙄ပြီးရော Saintဒီမှာပဲရေချိုးသွားတော့မယ် ပြီးမှအိမ်ပြန်ပြီးအင်္ကျီလဲတော့မယ်"

"သဘောပါဗျ"လို့ပြောပြီးရေချိုးခန်းထဲဝင်သွားလေရဲ့ ကျွန်တော်လဲသူထွက်အလာကို ကုတင်ပေါ်ကနေသာထိုင်စောင့်နေလိုက်သည်။ခဏနေတော့Saintထွက်လာသည်။မနေ့ကအင်္ကျီကိုပါရေချိုးခန်းထဲကနေတစ်ခါထဲဝတ်လာပုံရသည်။ကျွန်တော့်အရှေ့မှာဝတ်ရတာရှက်လို့ဖြစ်မည်ထင်သည်😁။

"Perth Saintအိမ်ပြန်လိုက်ဦးမယ်နော် ရေမချိုးနဲ့နော်ကြားလား"

"innပါဆိုနေ မချိုးဘူး ခဏနေလာခေါ်မယ်နော် မနက်စာစားပြီးရင်စောင့်နေနော်"

"ဟုတ်ကဲ့ အာ့ဆိုSaintသွားပြီနော်"ဆိုပြီးပြန်သွားတော့ကျွန်တော်လဲရေချိုးခန်းထဲသို့သာဝင်လာခဲ့သည်။‌မျက်နှာသစ် ရေပတ်တိုက်ပြီးပြန်ထွက်လာတော့ မနေ့ကဖုန်းကိုကိုင်တောင်မကိုင်မိတာကိုသတိရသွားသည်။အားသွင်းဦးမှဆိုပြီး ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Planရဲ့ missed callတွေမှအများကြီးရယ်။

He Is My World🖤❤️(Completed)Where stories live. Discover now