𝑬𝒑-8(𝑭𝒊𝒏𝒂𝒍)

867 42 7
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ညနေဘက်အိမ်ပြန်ဖို့သွားကြိုတော့ ချစ်ဖို့ကောင်းတဲ့အပြုံးလေးနဲ့ ကျွန်တော့်ကိုစောင့်ကြိုနေလေရဲ့☺️အခုတော့ကျွန်တော်ပြောချင်တာတွေကိုတွေးနေစရာမလိုတော့ဘူး သူ့ကိုဖွင့်ပြောလို့ရပြီ☺️
ကျွန်တော်တို့ကချစ်သူတွေမဟုတ်လား😁

ကျွန်တော်အိပ်မက်မက်နေတယ်တောင်ထင်တာ ဒီလိုချစ်ဖို့ကောင်းတဲ့နတ်သားလေးက ကျွန်တော့ချစ်သူဖြစ်လာမယ်လို့မ‌တွေးဖူးဘူး၊သူလဲကျွန်တော့်ကိုပြန်ချစ်လာမယ်လို့မထင်မိဘူး😁တကယ်လို့အိပ်မက်သာဆိုရင်လဲမနိုးထချင်တော့ဘူး☺️

"Saintလာလေပြန်မယ်☺️"

"ဟုတ်☺️"ဟုပြောပြီးခေါင်းလေးကိုငုံ့ကာရှက်ပြုံးလေးပြုံးပြီးကားပေါ်တက်လာသည်။ကားပေါ်ရောက်‌လို့ကျွန်တော်ကလက်ကလေးကို ကိုင်လိုက်တော့ကိုယ်လေးတွန့်သွားပြီး ပြူးကြောင်ကြောင်လေးနဲ့ကြည့်နေလေရဲ့☺️

"ဘာလို့လဲကိုယ့်ကိုရှက်လို့လား😁"

"မဟုတ်ပါဘူး ဒီတိုင်းPerthနဲ့ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့တစ်ခါမှမတွေးဖူးဘူး Perthကိုကောင်မလေးချောချောလေးတွေကအစကြွေကြတာလေ အဲ့တော့PerthကSaintလိုယောက်ျားလေးမျိုးကိုချစ်လိမ့်မယ်လို့မထင်မိဘူး"

"အချစ်မှာမျက်စိမရှိဘူးSaint ကိုယ်ကယောက်ျားလေးတစ်ယောက်ပါ ဒါပေမယ့်Saintကိုချစ်မိသွားတယ် ဘာလို့လဲဆိုရင်တော့ကိုယ်လဲမပြောတတ်ဘူး Saintကိုစတွေ့တဲ့နေ့ထဲကSaintကိုမြင်တိုင်းရင်ခုန်နေတာ😁"

"PerthကSaintကိုစတွေ့တဲ့နေ့ထဲကချစ်တာဆိုတော့SaintကPerthအပေါ်ဘယ်တရားပါ့မလဲ"

"ဟမ်Saintဘာကိုပြောချင်တာလဲ"

"တကယ်လို့Saintအမှန်တိုင်းပြောရင် စိတ်မဆိုးဘူးမှတ်လား🙄"

"အင်းမဆိုးပါဘူး"

"အာ့ဆို‌ပြောပြမယ် ဟိုလေတကယ်တော့SaintကPerthကိုအရင်တွေ့ခဲ့တာ Perthနဲ့ရင်းနှီးချင်လို့ဝင်တိုက်မိသလိုဖြစ်အောင်လုပ်လိုက်တာ တကယ်တော့လေ Perthနောက်နေ့SaintကိုလာရှာတာSaintသိပါတယ် သပ်သပ်ရှောင်နေတာ😁"

"ဟမ်တကယ်ပြောနေတာလား😳"

"အင်း😁"

"အဲ့နေ့ကဘယ်လောက်မောသွားလဲSaintသိလား ပြီးတော့မတွေ့လဲမတွေ့ရတော့တစ်နေကုန်နေလို့ကိုမကောင်းဘူး🙄"

He Is My World🖤❤️(Completed)Where stories live. Discover now