𝑬𝒑-5

630 51 0
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

ဒီနေ့ကSaintတို့နဲ့အပြင်သွားမယ့်နေ့ဖြစ်လို့ မနေ့ကလိုနေဖင်ထိုးတဲ့အထိမအိပ်တော့ဘဲ နည်းနည်းစောစောထပြီးပြင်ဆင်ရသည်။ကျွန်တော်လဲရေမိုးချိုးအဝတ်အစားလဲပြင်ဆင်ပြီးတာနဲ့Saintအိမ်ဘက်သို့ထွက်လာခဲ့လိုက်သည်။Saintအိမ်ရှေ့ရောက်တော့bellကိုနှိပ်လိုက်ပြီးခဏကြာတော့တံခါးပွင့်လာသည်။Saintမားကလာဖွင့်ပေးသည်လေ။

"Perthသားလာပြီလား ခဏလေးနော်Saintကပြင်ဆင်နေတုန်းထင်တယ် Saintအခန်းထဲဝင်ချင်ဝင်သွားလိုက်လေသား"

"ဟုတ်ကဲ့ရပါတယ်ဗျ ကျွန်တော်ဧည့်ခန်းမှာပဲစောင့်လိုက်ပါတော့မယ်☺️"

"သားတစ်ခုခုစားဦးမလား အန်တီအိမ်မှာရှိတဲ့မုန့်တွေယူလာပေးရမလားသား"

"ရပါတယ်အန်တီ သားမစားတော့ပါဘူး"

"သားကိုအားနာလိုက်တာ Saintကအဲ့လိုပဲတစ်ခုခုလုပ်ရင်အရမ်းကြာတာ"

"ရပါတယ်ကျွန်တော်စောင့်နိုင်ပါတယ်"လို့ပြောနေတုန်း

"မားကလဲနော် သားကိုဆိုပြောဖို့ကြီးပဲသားကကြာတာထက် တစ်ခုခုဆိုစေ့စေ့စပ်စပ်လုပ်တတ်တာပါနော်🙄ပြီးတော့Planတို့လဲလာသေးတာမှမဟုတ်တာ"

"အေးပါသားရယ်မားကစတာပါ😌"သားအမိနှစ်ယောက်ပြောနေတုန်း ကျွန်တော်Saintကိုကြည့်မိတော့ပန်းရောင်ရှပ်အင်္ကျီလေးနဲ့ဘောင်းဘီဒူးကျလေးကိုတွဲဝတ်ထားကာ ချစ်ဖို့ကောင်းအောင်သူ့မားကိုပြောနေတဲ့ Saintဆီကအကြည့်မခွာနိုင်ဖြစ်နေမိသည်။

Saintကတစ်ခါတစ်လေလူကြီးဆန်သလောက်တစ်ခါတစ်လေလဲကလေးအရမ်းဆန်သည်။ စကားလဲအလွန်များသည်😁။

"ငါတို့ရောက်ပြီ"ဆိုပြီးပြောရင်းPlanတို့အိမ်ထဲဝင်လာကြသည်။

"မင်္ဂလာပါအန်တီ"

"မင်္ဂလာပါသားတို့ရယ်☺️သာတို့အကြောင်းကိုSaintက ခဏခဏပြောတယ် သာတို့ကအရမ်းခင်ဖို့ကောင်းတယ်တဲ့ Saintကပြောလွန်းလို့ အန်တီကတောင်သားတို့နဲ့တွေ့ချင်နေတာ☺️"

"ဟုတ်ကဲ့အန်တီသားတို့ကလဲအန်တီနဲ့တွေ့ချင်ပါတယ်☺️Saintကပြောတယ်သူ့မားက ချောတယ်တဲ့ ကျွန်တော်တို့ကစနေတယ်ထင်တာ😁အပြင်မှာတွေ့တော့မှပဲ အန်တီကတော်တော်ချောတာပဲနော် Saintနဲ့မောင်နှမကျနေတာပဲ😁"

He Is My World🖤❤️(Completed)Where stories live. Discover now