𝑼𝒏𝒊𝒄𝒐𝒅𝒆
ဒီနေ့ကတော့မနေ့ကနဲ့မတူတဲ့ခံစားချက်နဲ့နိုးထလာရတာပေါ့☺️မနေ့တုန်းကတော့တွေ့မယ်မတွေ့ဘူးမကျိန်းသေဘဲနဲ့ အပီအပြင်ရှိုင်းခဲ့ရတာလေ😌ဒီနေ့ကတော့တွေ့ရဖို့ကသေချာနေပြီ☺️ကျွန်တော်သူ့အိမ်ကိုကျောင်းတူတူသွားဖို့သွားခေါ်မည်လေ😁ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးပြီးရေချိုးခန်းထဲဝင်ကာ သီချင်းတညီးညီးနှင့်မျက်နှာသစ်၊ရေမိုးချိုးလိုက်သည်☺️
ရေချိုးပြီးပြန်ထွက်လာတော့ဝတ်ဖို့ထုတ်ထားတဲ့ကျောင်းဝတ်စုံလေးကိုဝတ်ကာ မှန်ထဲကိုကြည့်လိုက်တော့ ပျော်နေလို့လားမသိဘူးဒီနေ့ဘာမှမပြင်ရသေးတာတောင်ချောနေသလိုလို😁ဒါပေမယ့်လဲဒီတိုင်းတော့သွားလို့မရဘူးလေနည်းနည်းပါးပါးတော့ ပြင်ဆင်ရမှာပေါ့☺️
မနေ့တုန်းကလောက်တော့မပြင်ဆင်ထားပေမယ့် သန့်ပြန့်ပြီးကြည့်ကောင်းနေမယ်ဆိုတာယုံကြည်ပါသည်😁ဒီနေ့တော့မနေ့တုန်းကလိုအလျင်မလိုတော့ဘဲအေးအေးဆေးဆေးပြင်ဆင်ပြီးမှအောက်ထပ်ဆင်းလာခဲ့လိုက်သည်။
"မားမနက်စာဘာရှိလဲဟင်"
"ပါမုန့်မီးကင်ပြီးယိုသုတ်ပေးထားတယ်၊မိုင်လိုလဲရှိတယ်သား၊ထမင်းစားခန်းထဲမှာအဆင်သင့်ပဲ"
"ဟုတ်မား"
"အော်သားဟိုလေ၊သားကျောင်းသွားရင်Saintလေးကိုဝင်ခေါ်သွားလိုက်ဦးနော်၊သားတစ်ယောက်ထဲသွားမယ့်အစားအဖော်ရှိတော့ မားလဲစိတ်ချရတာပေါ့"
စားနေတဲ့ပေါင်မုန့်တောင်နင်ချင်သလိုလိုဖြစ်သွားတယ်။ဒါပေမယ့်ကိုယ့်ဘာသာကိုယ်သွားခေါ်တာထက် မားကခေါ်ခိုင်းတာလို့ပြောရတာကတော့နည်းနည်းတော့ ကြောက်စိတ်ပေါ့မယ်ထင်တယ်။ကိုယ့်ဘာသာကိုယ်ဆိုဘယ်လိုပြောပြီးခေါ်ရပါ့မလဲလို့စဉ်းစားနေတာ မားကဝင်ခေါ်သွားခိုင်းတော့ မားကိုတောင်ကျေးဇူးတင်မိတယ်😁
"ဟုတ်ကဲ့မားသားသွားခေါ်လိုက်မယ်နော်☺️"
မနက်စာစားပြီးတာနဲ့ ကျောင်းသွားဖို့ထမင်းစားခန်းထဲကထွက်လာတော့မားကဧည့်ခန်းထဲမှာ TVကြည့်နေလေရဲ့။