Part 5 (Unicode)

27 0 0
                                    

တက္ကသိုလ်ကျောင်းဝန်းကတော့ အမြဲတစေ စည်ကားသိုက်မြိုက်ဆဲ! Lab ခန်းလေးထဲက ကျွန်တော်တို့နှစ်ယောက်ကတော့ တိတ်ဆိတ်လို့နေသည်! စားပွဲခုံပေါ်မေးထောက်ရင်း ကျွန်တော်သူ့ကို ငေးကြည့်နေမိတယ်!
သူ....Oh Sehun! သူက reference စာအုပ်တွေကို လှန်လှောရင်း ရှာဖွေနေသည်! သူ့ကိုကြည့်ရင်း ပရော်ဖက်ဆာပြောတဲ့ စကားတစ်ခွန်း နားထဲပြန်ကြားယောင်လာသည်! 

"သူလည်းပင်ပန်းနေတဲ့ပုံပါပဲ"

ကျွန်တော့်မျက်ဝန်းရှေ့မှာ မြင်နေရတဲ့  စာရွက်တွေလှန်လှောနေသော Sehun မျက်နှှာက ပင်ပန်းနေတဲ့ပုံပေါ်နေသလား?

အပြင်​မှာ ပျော်စရာတွေအများကြီး ရှိပါလျက်နဲ့
အခန်းထဲမှာလာကုတ်ကပ်ပြီး ဘာမှပြန်မရမယ့် Research ကို လာကူညီနေတာ!

နောက်ပြီး ဒီအခန်းထဲမှာ သူနဲ့ ငါနဲ့လည်း စကား​တွေဖောင်ဖွဲ့ပြီး အဖွဲ့ကျနေတာမျိုးလည်း
မ...ဟုတ်...ဟုတ်..အဲ?

ရုတ်တရက် မျက်လုံးလှန်ကြည့်တဲ့ Sehun နဲ့ အကြည့်ချင်းဆုံမိပြီး Luhanနှလုံးလေး ဖြတ်ခနဲ ခုန်သွားသည်!

"Ah~ ဟို..."

Sehun က တစ်ချက်ပြုံးလိုက်ပြီး ခုံမှာထိုင်နေရာက ထလာသဖြင့် Luhan ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်!

"ဘာမှမဟုတ်...."

"Luhan ဒီမှာကြည့် ငါရှာတွေ့ပြီ! ဒါမဟုတ်လား?"

"အဲ .... အင်း"

Sehun က လက်ထဲက စာအုပ်ကအပင်ပုံကို ထိုးပြရင်း အတည်ပြုချက်ယူနေသည်!
Luhan ခပ်မှန်မှန်ပြန်ဖြေရင်း တိတ်တခိုးသက်ပြင်းချမိသည်!

သူနဲ့ ကျွန်တော် မျက်လုံးချင်း ဆုံမိတိုင်း
သူကျွန်တော့်စိတ်ကို ဖတ်နေသလို ခံစားရတယ်~

"အင်း အမြဲမှန်နေတော့တာပဲ ကျေးဇူးတင်ပါတယ်"

"Luhan! မင်းငါ့ကို အမြဲကျေးဇူးတင်တယ်လို့ ပြောတယ်နော်"

"အင်း ....အဲ့တော့ဘာဖြစ်လို့လဲ"

"အဲ့တော့ .... ငါပျော်တာပေါ့"

Sehun က တောက်ပစွာပြုံးနေတယ်!

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

Only The Flower Knows [Completed]Where stories live. Discover now