Part 1

5.1K 273 8
                                    

မနက်စောစော နေရောင်ခြည်နုနုက Lab ခန်းပြတင်းပေါက်ကိုဖြတ်ကာ တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်ပေါ်က ဆွဲကြိုးလေးပေါ်ကျရောက်လို့နေသည်! ဆွဲကြိုးလေး ပန်းပွင့်ပုံ လော့ကပ်သီးပါတဲ့ ဆွဲကြိုးလေး! ထိုဆွဲကြိုးလေးပိုင်ရှင်က ပန်းအိုးလေးတွေကို ဗန်းတစ်ခုထဲစုထည့်နေသည်!

"သြော် ငါ့ထက်အရင် Lab ခန်းထဲ ဘယ်သူရောက်နေပါလိမ့်"

ထိုအသံနှင့်အတူ အခန်းထဲကို ပရော်ဖက်ဆာ လှမ်းဝင်လာသည်!
ကျွန်တော် ပန်းအိုးတွေထည့်ထားတဲ့ ဗန်းကို မရင်း အခန်းဝကို လှမ်းကြည့်လိုက်တယ်!ပရော်ဖက်ဆာက အံသြသလိုပုံနဲ့...

"မင်း ဒါတွေကို တခါတည်းသယ်မလို့လား?"

" Lay က ညနေမှလာမှာလေ ကျွန်တော် ပန်းတွေကို နေရောင်ရှိတုန်းလေးသယ်ချင်လို့"

"အားနာတယ် ငါတို့ Lab မှာလည်း မသုံးတော့တာနဲ့ များလာတာနဲ့"

"ရပါတယ် ကျွန်တော်လည်း ပန်းတွေကို ချစ်တယ်လေ"

"သြော်..."
ပရောဖက်ဆာက ထူးဆန်းသလိုနဲ့ ကျွန်တော်မျက်နှာနားကပ်ပြီး ပြုံးစိစိနဲ့ကြည့်နေသည်!

"ဟို ဘာဖြစ်လို့လည်း?"

"ဘာမှ မဟုတ်ပါဘူး ပန်းတွေနဲ့ မင်းနဲ့ လိုက်လို့ပါ! ပန်းတွေကလည်း မင်းကို ချစ်မှာပဲ"

ပရော်ဖက်ဆာရဲ့တွေးတွေးဆဆစကားတစ်ခွန်း!

တိုက်ဆိုင်မှုတွေ အများကြီးကြားက
ပုံပြင်တစ်ပုဒ် ဖြစ်ပေါ်လာတာ
ပန်းကလေးတွေပဲ သိကြသည်~

**************************************************************

လူအများကြား တိုးဝှေ့လျှောက်လာတာ ယိမ်းထိုးလို့! ကျွန်တော် မျက်လုံးတွေက မျက်ရည်တွေ အဆက်မပြတ်ကျနေတယ်!

"အားး တကယ်ပဲ ဒီမျက်ကပ်မှန်နဲ့ ငါဘယ်လိုမှ အဆင်မပြေဘူး"

ဘေးကဖြတ်သွားတဲ့သူတွေအားလုံးက ကျွန်တော့်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြတယ်!
ကျွန်တော်ကတော့ မျက်ရည်တွေသုတ်ရင်း ရှေ့ဆက်လျှောက်ရင်း....

"ဟေ့ Sehun မို့လား?"

"အာ မင်း Baekhyun!!!!! မတွေ့ရတာ ကြာပြီ"
ကျွန်တော် ဝမ်းသာအားရပြေးနှုတ်ဆက်လိုက်သည်!

Only The Flower Knows [Completed]Where stories live. Discover now