Part 12

1.4K 128 2
                                    

'နောက်ဆုံးတော့ မင်းကိုပြောချင်တဲ့ စကားလုံးတွေ ငါ့မှာ ရှိလာပြီလေ'

နောက်ဆုံးရထားလေးက သံလမ်းပေါ်မှာ အရှိန်ပြင်းစွာ ခုတ်မောင်းလို့နေတယ်! နောက်ဆုံးရထားဖြစ်သည့်အလျှောက် ရထားလေးပေါ်မှာ လူရှင်းလို့နေသည်! ရထားအရှိန်ကြောင့် လက်ကိုင်ကွင်းလေးတွေဆီက တချွင်ချွင် မြည်သံက ကြီးစိုးနေတယ်!ကျွန်တော် နဲ့ Luhan ဘေးချင်းကပ်ထိုင်ပြီး တိတ်ဆိတ်နေမိသည်!

**ငါမနေ့ကထိ Luhan နဲ့ ဘာတွေပြောပြီးပြီလည်း? အခုဘာပြောရမလည်း?**

ကျွန်တော်တို့ ဟိုအရင်ကဆို စကားတွေ တောင်တောင်အီအီပြောနေခဲ့ပေမယ့် အခု အချိန် ဘာပြောရမှန်း စဉ်းစားလို့မရဘူး!

**Sehun က အရင်ဆို စကားတွေ တောင်ပြောမြောက်ပြောပါ! အခုဘာလို့ သူဘာမှမပြောတာလည်း?**

"ah! စကားမစပ် ဟို Xiumin လေ သူဘယ်လိုလည်း?အဆင်ပြေတယ် မဟုတ်လား? သူက ဖော်ဖော်ရွေရွေပုံပါပဲ"

"အင်း"

"Lab ကိစ္စတွေတော့ ပိုအဆင်ပြေသွားတာပေါ့ ! ပရော်ဖက်ဆာလည်းပျော်နေမှာပဲ သေချာတယ်"

"အင်း ဒါဆို မင်းနောက်ထပ်......"

"ဟမ်?"

"ah! ဘာမှ မဟုတ်ပါဘူး! အော် Sehun ငါ ပရော်ဖက်ဆာဆီက ကြားတယ် မင်းဝင်ခွင့်စာမေးပွဲဖြေမလို့ဆို အောင်ပါစေ ! ငါဆုတောင်းပေးတယ်"

"အင်း"

**ငါတို့ Xiumin အကြောင်း မပြောတော့ပါဘူး**

"ဒါနဲ့ ငါအားတဲ့ အချိန် Lab ကို ဝင်လာလို့ရတယ်မဟုတ်လား"

Sehun စကားအဆုံးမှာ Luhan မျက်နှာလေး တောက်ပသွားသည်! နောက်ချက်ချင်းဆိုသလို ခေါင်းငြိမ့်ပြီး ပြန်ဖြေတယ်!

"အင်း!!!!!"

Luhan အမူအရာကိုကြည့်ရင်း ကျွန်တော် ရင်ထဲ အသည်းယားလာတယ်! Luhan ပါးလေးကို အုပ်ကိုင်ရင်း မျက်နှာ နားလေးတိုးကပ်လိုက်သည်! ရုတ်တရက် တိုးကပ်လာတဲ့ Sehun ကြောင့် Luhan နောက်ကို မဆိုစလောက်လေးဆုတ်လိုက်တယ်! တဖြည်းဖြည်းပိုတိုးကပ်လာတဲ့ Sehun ကြောင့် Luhan မျက်လုံးများမှိတ်ထားလိုက်မိသည်!

Only The Flower Knows [Completed]Onde histórias criam vida. Descubra agora