Part 11 (Unicode)

31 1 0
                                    

' ငါတစ်ယောက်ထဲသာ ..... မင်းရဲ့ အရေးအကြီးဆုံးသူ ဖြစ်ချင်တယ် '

Lab ခန်းလေးထဲ Sehun တစ်ယောက်ထဲရောက်နှင့်နေသည်!Sehunဖုန်း screen ကို စိုက်ကြည့်နေပေမယ့် အတွေးတို့က အတိတ်ဆီမှာ~

**Luhan ကျေးဇူးပြုပြီးlab ကို မလာနဲ့တော့ လို့ မပြောပါနဲ့ကွာ **

ရုတ်တရက် ဆိုဖာပေါ် ပက်လက်လှဲနေရာက ကုန်းထလိုက်ပြီး ဆိုဖာကို ခေါင်းနဲ့ဆောင့်နေမိတယ်!

"အမလေး!!!!! ငါဘာလို့ အဲ့ဒီလို ရှက်စရာတွေကိုပြောမိတာလည်း"

Sehun ဆိုဖာပေါ်မှာ ဒူးတုတ်ထိုင်ကာ လက်နှစ်ဖက်ကို ခေါင်းပေါ်အုပ်ရင်း တစ်ယောက်ထဲ စိတ်ထဲကနေ အော်ဟစ်နေမိသည်!

"မင်းက ကြင်နာတတ်လွန်းတော့ ငါ့ကို စိတ်ပူစေတယ်"

အတွေးထဲက Luhan စကားတစ်ခွန်းက ကျွန်တော့် နှလုံးသားကို နွေးနွေးလေး ခုန်နေစေသည်!

အဲ့ဒီအချိန်က Luhan မျက်နှာလေးကို ပြန်မြင်ယောင်ရင်း........

"အဲဒီ့ ပုံစံက Luhan ရဲ့ တကယ့်ပုံစံလား?"

ကျွန်တော် သူ့ကိုပြောခ့ဲဖူးတဲ့ 'တခြားအရာတွေထက် Labမှာ မင်းနဲ့တူတူ ဖြတ်သန်းရတဲ့ အချိန်လေးတွေက ပိုအရေးကြီးပါတယ်'
ဆိုသလို Labမှာ အတူရှိနေရဖို့ပဲ အာရုံစိုက်ထားတော့မယ်! အဆင်ပြေမှာပါ အခုထိတော့ သူကျွန်တော့်ကို လိုအပ်နေသေးတယ် ဆိုတဲ့ အခြေအနေလေး မပြောင်းလည်းသေးဘူးမဟုတ်လား!

ကျွန်တော့်အတွေးနဲ့ ကျွန်တော် ကျေနပ်နေစဉ် Lab ခန်းတံခါးလေးဖွင့်သံကြားရသည်!

ကျွန်တော့်နှလုံးက ဆတ်ခနဲ တစ်ချက်ထခုန်သွားတယ်!

"သြော် Sehun မင်းရောက်နေပြီလား Luhan ရော?"

"အာ ပ..ပရော်ဖက်ဆာပါလား"

**ဘယ်နှယ် ငါလည်း အလန့်တကြားကိုဖြစ်လို့**

"ဟို ဒီနေ့ Luhan က Lab အပြင်မှာ ကိစ္စလေးတွေရှိလို့တဲ့ အဲ့ဒါ ကျွန်တော်လည်း အားနေတာနဲ့ သူ့ကို ဒီမှာစောင့်မလားလို့"

"သြော် အဲ့ဒီလိုလား! ဒါနဲ့ Sehun မင်း The National Bar Examinationအတွက် ဝင်ခွင့်စာမေးပွဲဖြေမလို့ဆို!"

Only The Flower Knows [Completed]Tempat cerita menjadi hidup. Temukan sekarang