Part 7

1.3K 133 5
                                    

Sehun Lab ခန်းကို အသာတွန်းဖွင့်ရင်း ဝင်လိုက်သည်! Luhan ထိုင်နေကြခုံကို လှမ်းကြည့်လိုက်တော့ စားပွဲပေါ်မှာ စာရွက်တချို့ ပြန့်ကျဲလျှက်ရှိသည်!

**Luhan ရောက်နေနှင့်ပြီပဲ**

"Luhan!!"

Luhan ကို ရှာရင်း Sehun refrence စာအုပ်စင်တွေ ထားတဲ့ အခန်းဖက်ရောက်လာသည်!

"Luhan?"

Luhan က စာအုပ်စင်ဖက် မျက်နှာမူထားရာမှ ဖြတ်ခနဲ လှည့်ကြည့်လိုက်တယ်! ပြီးနောက်......

"ငါဒီမှာ စာရှာစရာလေးနည်းနည်းရှိလို့ မင်းမနေ့ကလုပ်လက်စဆက်လုပ်နေနှင့်လေ"

လို့ ပြောပြီး စာအုပ်စင်ဖက် ပြန်လှည့်သွားလေသည်!

"ငါကူညီပေးစရာလိုသေးလား Luhan"

"ရတယ်"

Luhan က စာအုပ်စင်အပေါ်ဆုံးက ဖိုင်တွဲတစ်ခုကို ဆွဲယူရင်းပြန်ဖြေလိုက်သည်!

ဖိုင်တွဲက ဆွဲယူလို့မရ! စာအုပ်တွေကြားထဲမှာ ညှပ်နေပြီး အပေါ်မှာလည်း စာအုပ်နဲ့ ပုံးတစ်ချို့ထပ်တင်ထားသေးတယ်!Luhan ခြေဖျားထောက်ကာ ဖိုင်တွဲကို တခါထပ်ဆွဲကြည့်သည် ! မရ !

*sigh*
"မင်းအခု ဖိုင်တွဲကို လက်လွှတ်လိုက်ရင် အဲ့ဒီ့ပေါ်က ပစ္စည်းတွေ ပြုတ်......"

"အမလေး!!!!!!!!"

ရုတ်တရက် နောက်က ကပ်ပြောလိုက်သော Sehun အသံကြောင့် Luhan လန့်ပြီး ဖိုင်တွဲကိုဆွဲထားတဲ့လက်ကိုလွှတ်လိုက်သည်!

"ဟာ လွှတ်လိုက်ရင် ပြုတ်ကျ..."

Sehun က စင်ပေါ်ကိုမော့ကြည့်ရင်းက အလန့်တကြားရေရွတ်သည်!Luhan မော့ကြည့်တော့ စင်ပေါ်က ပုံးတွေ ပြုတ်ကျလာသည်!

Luhan မျက်လုံးစုံမှိတ်ထားလိုက်သည်!
အချိန်အနည်းငယ်ကြာသည်အထိ Luhanခေါင်းပေါ်ဘာမှပြုတ်ကျမလာ! Luhan မျက်လုံး အသာဖွင့်ကြည့်လိုက်တော့ မျက်လုံရှေ့တည့်တည့်မှာ Sehun ရင်ဘတ်ကိုမြင်ရတယ်!Sehun က ပုံးတွေကို လက်နဲ့ လှမ်းထိန်းထားသည်!

*Ba-dump* *Ba-dump* *Ba-dump*

Luhan နောက်ကို နည်းနည်းဆုတ်လိုက်သည်!

ကျွန်တော့်ရင်ခုန်သံတွေ Sehun ကြားသွားမှာစိုးတယ်!

Sehun က ပုံးကို စင်ပေါ်အသာတွန်းတင်လိုက်ရင်း.....

Only The Flower Knows [Completed]Tahanan ng mga kuwento. Tumuklas ngayon