Part 14 (Final) (Unicode)

128 1 0
                                    

တက္ကစီ စီးရတာ အတော်လေးကြာတယ်လို့ထင်ရပေမယ့်  တစ်လမ်းလုံး Luhanက သူ ပုံမှန်အားဖြင့် ပြောပြလေ့မရှိတဲ့ အကြောင်းအရာတွေပြောပြနေသည်! သူ့ရဲ့ဆုံးသွားတဲ့ အဖိုးအကြောင်း နောက်သူ့အိမ်မှာ ရှိတဲ့ သူမထားခဲ့နိုင်တ့ဲ Greenhouse အကြောင်း ပူလာတဲ့ ရာသီကြောင့် အပင်တွေကို ထိန်းသိမ်းဖို့ရာ အခက်တွေ့နေတဲ့ အကြောင်းတွေ အဲ့ဒါတွေအားလုံးကို ပြောပြနေတ့ဲ Luhan က ပျော်နေပုံရတယ်! ကျွန်တော် နားထောင်နေရင်း သူ့ရဲ့နာနေတဲ့ ခြေထောက်ကို ပလာစတာကပ်ပေးတော့ Luhan မျက်နှာက အားတုံ့အားနာဖြစ်နေဟန်တူသည်!

Luhan ရဲ့အိမ်က ခြံဝန်းကျယ်ကျယ် အပင်ပေါင်းမြောက်များစွာနဲ့ စိမ်းစိုနေသည်! ကြမ်းခင်း နှင့် အခန်းပေါင်းမြောက်မြားစွာရှိပြီး အားလုံးထိုးတံခါးတွေနှင့်ပင်!

"wow!! အိမ်ကအကြီးကြီးပဲ~"

Sehun အိမ်ထဲလှမ်းဝင်ရင်း ရေရွတ်လိုက်မိသည်!
အခန်းတွေကို ဖြတ်လျှောက်လာရင်း အခန်းတစ်ခုရှေ့က အဖြတ် အခန်းထဲမှာ စာကြည့်စားပွဲပုလေးတစ်ခုရယ် နောက် ခေါက်သိမ်းထားတဲ့ အိပ်ယာခင်းဖုံထူထူလေးတွေ လှမ်းမြင်ရသည်!

"Luhan ဒါ မင်း အခန်းပေါ့"

Sehun က အခန်းထဲကြည့်ပြီးလှမ်းပြောလိုက်သည်!

"အင်း ဟုတ်တယ် ! သွား ရှေ့မှာ ဧည့်ခန်း! အဲ့ဒီမှာစောင့်နေ ငါ လက်ဖက်ရည်ယူခဲ့မယ်! "

Luhan က အပေါ်ထပ်ကုတ်အကျီကို ချွတ်လိုက်ရင်း ပြောသည်!

လက်ဖက်ရည်ခွက်နှစ်ခွက်ကိုင်ကာ Luhan ရှေ့ကိုထွက်လာချိန်ထိ Sehun က အခန်းတစ်ခုရှေ့မှာ ငေးကြည့်နေသည်!

"ဒါ အဖိုးရဲ့ စာကြည့်ခန်းလေ! စာအုပ်တွေက အများကြီးဆိုတော့ ရွေ့ဖို့မလွယ်တာနဲ့ ဒီတိုင်းထားလိုက်တာ"

"uhmm"

"ဘာဖြစ်လို့လည်း?"

"aww ဘာမှမဖြစ်ပါဘူး ဒီတိုင်းဆိုတော့ ငါ့ မိဘတွေအိမ်က ကြောင်ကို သတိရလို့?"

"ကြောင်!?"

"အင်း!ငါမွေးထားတဲ့ ကြောင်လေး! သူ့ကို ငါမူလတန်းတုန်းကတွေ့ပြီး မွေးထားခဲ့တာ! သူနဲ့ ငါနဲ့ အခန်းထဲမှာ အတူတူအိပ်တယ်! ငါ တက္ကသိုလ်တက်တော့ အိမ်ခွဲနေတယ်လေ! အိမ်ကပြောတယ် နင့်ရဲ့ကြောင်က အခုထိ နင့်ကုတင်ပေါ်မှာ အိပ်တုန်းပဲတဲ့ ချစ်စရာမကောင်းဘူးလား?"

Only The Flower Knows [Completed]Where stories live. Discover now