Part 3 (Unicode)

43 2 0
                                    

"ဒါက Sehun လေ စောစောက မင်းကိုပြောတဲ့ Law မေဂျာက ဆိုတာ! ဒါက Luhan! ah ဒါပေမယ့် မင်းတို့နှစ်ယောက် သိပြီးသားပဲ"

"ဟုတ်တယ် ဟုတ်တယ် ထူးဆန်းတယ်နော် ကျွန်တော်တို့လည်း ခုလေးတင်သိတာပဲ"

Sehun က ဝမ်းသာအားရ ပရော်ဖက်ဆာကို ရှင်းပြနေတယ်! Luhan Sehun ကို ခပ်စူးစူးတစ်ချက်စိုက်ကြည့်လိုက်သည်!

"တော်သေးတာပေါ့ မင်းတို့နှစ်ယောက် လုံးဝမသိတာထက်စာရင် ဒါက ပိုအဆင်ပြေတာပေါ့ ကောင်းတယ် ငါစိတ်အေးရတယ်"

ပရော်ဖက်ဆာက ရယ်မောရင်း Luhan ပုခုံးကိုပုတ်ကာပြောနေသည်!

"ကောင်းပြီ အချင်းချင်းကူညီလိုက်ကြ"

ပရော်ဖက်ဆာက ပြောပြောဆိုဆို လက်ပြပြီး အခန်းအပြင်ထွက်သွားသည်!

"ပရော်ဖက်ဆာ ဟို..!!"

Luhan လှမ်းအော်လိုက်တော့ ပရော်ဖက်ဆာက လှည့်ကြည့်တယ်!

"ဟို research နဲ့ ပတ်သတ်တာလေး သူ့ကို မပြောပြတော့ဘူးလား?"

"သြော် အဲ့ဒါလား Sehunက အရင် research တစ်ခုမှာ ကူညီဖူးတယ် သူအခြေခံသိပြီးသား! မင်းသူ့ကို နဲနဲညွှန်ကြားရင်ရပြီ! တွေ့တယ်မဟုတ်လား တကယ် အဆင်ပြေတဲ့ အကူအညီပါဆို"

ပရော်ဖက်ဆာက ပြောရင်း Sehun နားတိုးသွားကာ ရယ်မောပြီး.....

"အခုသူကောင်မလေးက ဖြတ်သွားလို့ သူအချိန်တွေပိုအားနေတယ်လေ"

"ဟာ ကျွန်တော် ကျန်ရစ်မဖြစ်သေးပါဘူး ပရော်ဖက်ဆာ ဘယ်ကကြားလည်း"

Sehunက မျက်နှာ နီရဲကာ ငြင်းနေသည်! ပရော်ဖက်ဆာကတော့ ရယ်မောလျှက် ! Luhan ကတော့ သက်ပြင်းတိတ်တိတ်ခိုးချမိတယ်!

"ကဲကဲ ငါ တခြား တက္ကသိုလ်တစ်ခုကိုသွားရအုံးမယ် ကျန်တာတွေမင်းတို့တာဝန်ထားခဲ့ပြီ"

ပရော်ဖက်ဆာ က ပြောပြောဆိုဆို သီချင်းတအေးအေးနှင့် ထွက်သွားလေသည်!

အခန်းထဲမှာ ကျွန်တော်နဲ့ Sehun နှစ်ယောက်ပဲ ကျန်နေခဲ့တယ်! ကျွန်တော် ဘေးနားက Sehun ဆီအသာလှည့်ကြည့်မိတော့ သူက တောက်ပစွာပြုံးပြနေသည်!

Only The Flower Knows [Completed]Donde viven las historias. Descúbrelo ahora