Part 2 (Unicode)

50 3 0
                                    

*တီ တီ တီ*
နှိုးစက်သံကြောင့် Sehun နိုးလာတယ်!

အိမ်မက်ထဲက သူက ဘယ်သူလည်း?

"Luhan ပဲလား?"

စိမ့်စိမ့်လေးအေးနေတဲ့ မနက်မို့ စောင်အပါးလေးကို ထပ်ခြုံရင်း မီးဖိုထဲမှာ Sehun တစ်ယောက် ကော်ဖီဖျော်နေသည်!

"၅ခါ...မဟုတ်ဖူး ၆ခါ လောက် တစ်ပတ်ထဲမှာ အိမ်မက်တစ်ခုကို ထပ်ခါထပ်ခါ ဘာလို့မက်နေလည်း?"

ကုတင်ဘေးက ကြမ်းပေါ်ထိုင်ချလိုက်ရင်း အေးစက်နေတဲ့ လက်တွေကို အပူဓာတ်ရလိုရငြား ကော်ဖီခွက်ကို အုပ်ကိုင်ထားမိသည်!

"Luhan ဆိုတာဘယ်သူလည်း?"

"Luhan Luhan......."

"ငါသိတဲ့သူတွေထဲမှာ Luhan ဆိုတဲ့ နာမည်လည်းမရှိပါဘူး"

ကျောမှီထားတဲ့ ကုတင်ပေါ်ခေါင်းလှန်ချလိုက်ရင်း.....

"အ~ Drama တွေဘာတွေထဲက ဇာတ်ကောင်နာမည်များလား?"

အိမ်မက်တစ်ခုကို အကြိမ်ပေါင်းများစွာ မက်လာတဲ့အခါမှာ အစပိုင်း မြူတွေလို ဝေဝါးနေရာက  ကင်းစင်ကြည်လင်လာသလိုမျိုး   အိမ်မက်ထဲမှာကျွန်တော် ခံစားရတဲ့ ခံစားချက်တွေကို တဖြည်းဖြည်းမှတ်မိလာသည်!

အိမ်မက်ထဲမှာ ကျွန်တော့်က သူ့အပေါ် ချစ်သူတစ်ယောက်လိုမျိုး အထူးတလယ်ခံစားချက်တွေရှိနေပေမယ့်

အိမ်မက်ကနိုးလာတဲ့အခါ

သူဘယ်သူလည်းဆိုတာကို သိလုသိခင်ဖြစ်နေပေမယ့်

ကျွန်တော် မမှတ်မိပြန်ဘူး...........

စားပွဲပေါ်က ပန်းပွင့်ပုံလော့ကပ်သီးလေးပါတဲ့ ဆွဲကြိုးလေးကို ကိုင်ကြည့်ရင်း........

"မင်းကြောင့်များလား!??"

"ငါ မင်းကိုကောက်ရကတည်းက ဒီလိုတွေဖြစ်လာတာပဲလေ"

**တို့တတွေကြားမှာ နည်းနည်းဝေးကွာသွားတယ်လို့မထင်ဘူးလား?**

Ji Young ရဲ့စကားသံက နားထဲပဲ့တင်ထပ်နေသည်!

"Ji Young နဲ့ပါ ရှုပ်ထွေးမှုတွေဖြစ်လာတယ်"

ကျွန်တော် ဆွဲကြိုးလေးကို အမှိုက်ခြင်းတောင်းထဲထည့်ဖို့ လက်လှမ်းလိုက်သည်!
ကျွန်တော် လက်သီးဆုပ်ကို မဖြည်မိဘူး!

Only The Flower Knows [Completed]Donde viven las historias. Descúbrelo ahora