Part 10 (Unicode)

26 0 0
                                    

Luhan အတိတ်တခုဆီသို့ ပြန်ပြောင်းအောင့်မေ့မိသည်!

ကျွန်တော့်မိဘတွေ ကား accident နဲ့ ဆုံးပါးသွားပြီးနောက် ကျွန်တော်နဲ့ တစ်ကြိမ်တစ်ခါသာဆုံဖူူးတဲ့ ကျွန်တော်ရဲ့ အဖိုးက ကျွန်တော့်ကို ခေါ်ယူစောင့်ရှောက်ထားတယ်! အမေက စိတ်မြန်လက်မြန် သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အဖေကတော့ ကြင်နာအေးဆေးတဲ့ သူတစ်ယောက်ဖြစ်ပြီး အခု ကျွန်တော့်အဖိုးက ထူးဆန်းပြီး တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့သူမျိုးမို့ သူ့နားကပ်ဖို့သိပ်မလွယ်လှဘူး! ဒါကြောင့် ကျွန်တော်တို့ ကြားမှာ သိပ်ရင်းနှီးမှုမရှိသလိုပဲ! တခါတခါ အဖိုးအခန်းရှေ့က ဖြတ်လျှောက်မိတိုင်း အဖိုးက စာတွေရေးချွတ်နေတတ်တယ်! အပေါက်ဝက ရပ်ကြည့်ရင်း အဖိုးဘာတွေများရေးနေလည်းလို့ တွေးမိတိုင်း အဖိုးလှည့်ကြည့်တာနဲ့တိုးရင် "မင်္ဂလာ ညချမ်းပါ"လို့ နှုတ်ဆက်တိုင်း "အင်း"လို့ပဲ အဖိုးက ပြန်ပြောလေ့ရှိသည်!

အဖိုးအိမ်ကိုပြောင်းလာပြီး သုံးနှစ်ရှိတဲ့နောက် ကျွန်တော့် အထက်တန်းကျောင်း ပထမနှစ်ရဲ့ နွေရာသီမှာ.....

"ကျွန်တော်ပြန်ရောက်ပါပြီ..."

ကျွန်တော်ကျောင်းက ပြန်လာချိန် အိမ်ရှေ့ခန်းမှာ သူက အဖိုးနဲ့အတူရှိနေခဲ့တယ်လေ!

"Hello မင်းက Xiao Lu လား?"

ပြုံးပြီးနှုတ်ဆက်တဲ့ သူ့ကို ကျွန်တော် အူကြောင်ကြောင်ကြည့်ရင်း ပြန်နှုတ်ဆက်လိုက်မိသည်!

"သြော် ဟုတ်! တွေ့ရတာ ဝမ်းသာပါတယ်"

"ဆရာက မင်းအကြောင်းကို အမြဲပြောတာနဲ့ ငါတွေ့ချင်နေတာ"

"အယ်~"

**သူက...?**

Kris လို့ခေါ်တဲ့ အဲ့ဒီသူက အဖိုးရဲ့ research မှာ ပါဝင်ကူညီပေးနေတဲ့ အဖိုးရဲ့ ကျောင်းသားဖြစ်လောက်တယ်!

ကျွန်တော်သိသလောက် အဖိုးက သူ့ရဲ့ စားပွဲခုံမှာထိုင်ရင်း အလုပ်တွေလုပ်နေတတ်ပြီး တခါတခါ တက္ကသိုလ်မှာ အချိန်ပိုင်းဆရာ လုပ်သေးတဲ့ အကြောင်းရယ် နောက် ကျွန်တော် သိလာတာက အဖိုးသင်တဲ့ ဘာသာရပ်က Botany ဆိုတာရယ်ပေါ့!

Only The Flower Knows [Completed]Donde viven las historias. Descúbrelo ahora