Part 8

1.1K 119 0
                                    

မင်း ငါ့ကို ကြိုက်လား?
မုန်းလား?
ချစ်သလား?

ပန်းတွေ........
နောက်ထပ် Luhan အိမ်မက်လား?

ကျွန်တော့်နားထဲမှာ ခေါ်သံကြားနေပြန်သည်!

"Sehun"
"Sehun!!!"

အင်း ဟုတ်သားပဲ......
မင်းလေးက တကယ်ကို ဖူးပွင့်နေတာ .....
အနံ့လေးက ချိုမြိန်လွန်းလို့ ရီဝေဝေတောင် ဖြစ်လာခဲ့ပြီ......

"Sehun na~"

ကျွန်တော် မျက်လုံးတို့ကို ဖွင့်ကြည့်မိတဲ့ တခဏ မြင်ရတဲ့ Luhan ရဲ့ ညှို့ရီရီသမင်မျက်ဝန်းလေးတွေ.....

ကျွန်တော် သူ့လက်ကလေးကို အသာဆွဲလိုက်ပြီး သူ့မျက်နှာလေးနားကို တိုးကပ်သွားလိုက်သည်!

"Se.."

Luhan နှုတ်ဖျားလေးဆီက ကျွန်တော် နာမည်လေးကို တိုးလျှလျှ ရေရွတ်သံလေးကို ကျွန်တော် အဆုံးသတ်စေလိုက်တယ်!

"umnn hunm"
"........."

ကျွန်တော့် အနမ်းတွေက တဖြည်းဖြည်း နက်ရှိုင်းသွားပြီး Luhan ကိုယ်လုံးလေးကို မြက်ခင်းပေါ် လှဲချလိုက်သည်!

".....hun na"

Luhan လက်ကလေးကို ဖိဆုတ်ထားလိုက်ပြီး ကျွန်တော့် အနမ်းတွေ မရပ်တန့်နိုင်ခဲ့..........

"ထင်ရတာက သူအရင်က မေဂျာတူ Senpai တစ်ယောက်ရဲ့ အနိုင်ကျင့်တာ ခံခဲ့ရတယ်"

ကျွန်တော်ခေါင်းထဲမှာ သတိပေးခေါင်းလောင်းသံလို ထိုစကားသံက ပေါ်လာခဲ့သည်!

ကျွန်တော် လန့်ပြီး Luhan ကိုလွှတ်ပေးလိုက်မိသည်!

*flap*

ကျွန်တော့်ပါးကို ခပ်ပြင်းပြင်းရိုက်ချခံလိုက်ရပြီး ကျွန်တော်တို့က မြစ်ဘေး မြက်ခင်းပေါ်မှာ မဟုတ်တော့ပဲ စာသင်ခန်းလွတ်တစ်ခုထဲသို့ရောက်နေလေသည်! ကျွန်တော့်ရှေ့က Luhan က ကျွန်တော့်ကို ခပ်စူးစူးကြည့်လို့နေတယ်!

"ငါ...."

ကျွန်တော့် မျက်နှာဆီက အကြည့်လွှဲသွားတဲ့ Luhan မျက်ဝန်းတွေကြောင့် ကျွန်တော် ဆွံ့အသွားရသည်!

"u.....whaaaaaaaaaaaaa!!!!!!"

ကျွန်တော် ချွေးစေးတွေပျံပြီး လန့်နိုးလာတယ်! ကျွန်တော့်နှလုံးတွေတဒိန်းဒိန်းခုန်နေပြီး အသက်ရှုသံတွေ မြန်လွန်းနေတယ်!ပါးပြင်ပေါ်က စပ်ဖျဉ်းဖျဉ်း ခံစားမှုနဲ့ အတူ လက်လက်ဆတ်ဆတ် ခြစ်ရာတစ်ခု!

Only The Flower Knows [Completed]حيث تعيش القصص. اكتشف الآن