Ch-8 [Z+U]

5.8K 766 41
                                    

Zawgyi
...............

ဝေ့ရင်းနဲ့လန်​ကျန့်​ အ​ဆောင်​ပြန်​​ရောက်​ကြ​တော့
ည​နေ​စောင်း​နေပြီဖြစ်​သည်​။
လန်​ကျန့်​က​ဝေ့ရင်းကို အခန်းထဲပြန်​လိုက်​ပို့​ပေးသည်​။
ထို့​နောက်​လန်​ကျန့်​ ​ရေချိုး​ဆောင်​ကိုထွက်​သွားပြီး
ရေမိုးချိုး အဝတ်​အစားလဲကာ ​ဝေ့ရင်းအခန်းသို့ပြန်​လာသည်​။ ​ဝေ့ရင်းက​တော့ အိပ်​​ပျော်​​ပြီး ​ချွေး​လေး​တွေစို့​နေသည်​။ ​ဆေးထိုးရင်​ချက်​ချင်းသက်​သာမည်​ဖြစ်​​သော်​လည်း ​သောက်​​ဆေးပဲယူသည့်​ ​ပေကပ်​ကပ်​​ကောင်​​လေး။

လန်​ကျန့်​ ​ဝေ့ရင်းခုတင်​​ပေါ် တင်​ပါးလွှဲထိုင်​ပြီး
ဝေ့ရင်းဆံပင်​​လေး​တွေကိုသပ်​​ပေးရင်း နှိုးလိုက်​သည်​။

'​ဝေ့ရင်း...​ဝေ့ရင်း ထဦး'

ဝေ့ရင်းက အဖျားအနည်းငယ်​ရှိ​သေးသဖြင့်​ မှိန်း​နေပြီး
အိပ်​ချင်​မူးတူး မျက်​စိဖွင့်​ကြည့်​သည်​။

'လာ...ငါမင်းကို ​ရေပက်​တိုက်​​ပေးပြီး
အဝတ်​အစားလဲ​ပေးမယ်​​နော်​'

'အင်း'

လန်​ကျန့်​က ​ဝေ့ရင်းနားကပ်​ကာ ​ရေစိုဝတ်​နှင့်​ 
ရေပက်​တိုက်​​ပေး​နေသည်​။
အဖျား​သွေး​ကြောင့်​ မိန်း​မော​နေ​သော​ဝေ့ရင်း
နှာ​ခေါင်းဝတွင်​ ​ရေချိုးပြီးကာစလန်​ကျန့်​၏ကိုယ်​တိုက်​ဆပ်​ပြာနံ့က ကလူကျီစယ်​လျက်​။

'​မွှေးလိုက်​တာ...'

ဝေ့ရင်းက​ပြောရင်းဆိုရင်း လန်​ကျန့်​၏​အေးမြသည့်
လက်​များအား သူ့မျက်​နှာပြင်​ထက်​တင်​ကာပွတ်​သပ်​လိုက်​သည်​။
ထိုမျှအားမရ​သေးဘဲ အဖျား​သွေး​ကြောင့်
အပူရှိန်​​ငွေ့​ငွေ့ဖြင့်​​နေရခက်​​နေရာ ​အေးမြသည့်
လန်​ကျန့်​အသားအ​ရေနားတဖြည်းဖြည်းတိုးကပ်​လာသည်။
နောက်​ဆုံး လန်​ကျန့်​​ပေါင်​​ပေါ်​ခေါင်းတင်​ထားပြီး
ခါးကိုလက်​နှစ်​ဖက်​ဖြင့်​တင်းကြပ်​စွာဖက်​ရင်း
မျက်​နှာဖြင့်​​တိုး​ဝှေ့ပွတ်​သပ်​​တော့သည်​။

လန်​ကျန့်​က ​ဝေ့ရင်း၏မျက်​နှာအား လက်​ဖြင့်​ပင့်​ယူလိုက်​ပြီး နဖူးဖြင့်​ဖွဖွ​​လေးတိုက်​၊
ပါးချင်းအပ်​ထားရင်း အပူချိန်​စမ်းလိုက်​သည်​။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now