Zawgyi
................'အန်တီရှု...မင်္ဂလာပါ...'
မနက်အစော စက်ဘီးလေးနဲ့ သူ့ဆိုင်ရှေ့ရောက်လာတဲ့
ဝေ့ရင်းလေးကို အန်တီရှုကပြန်နှုတ်ဆက်တယ်။'အေး...အေး မင်္ဂလာပါ... ဝေ့ရင်းလေး လာပြီလား
သားအမေက ဒီနေ့ဘာတွေမှာလိုက်တုန်း...'စက်ဘီးဒေါက်ထောက်ရပ်ပြီး ဆိုင်ထဲပြေးဝင်လာတဲ့ဝေ့ရင်းက
သူ့လက်ထဲကစာရွက်ကို အန်တီရှုဆီလှမ်းပေးသည်။'အန်တီရှု... မားက သူလိုချင်တဲ့ဟာတွေကို
စာရင်းရေးပေးလိုက်တယ်...ဒီမှာပါ'အန်တီရှုက စာရွက်တွင်ရေးထားသော ပစ္စည်းအမျိုးအစားများကိုဖတ်ကြည့်နေသည်။
'အာလူး...၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီ....'
ထို့နောက် ဝေ့ရင်းဘက်လှည့်ကာ ပြောလိုက်သည်။
'သား... အဲ့ဒီ့အရှေ့ကခုံမှာ ခဏထိုင်နေလိုက်ဦး၊
အန်တီ ပစ္စည်းတွေထည့်လိုက်ဦးမယ်''ဟုတ်ကဲ့...အန်တီရှု'
ဝေ့ရင်း ဆိုင်ရှေ့က ခွေးခြေခုံလေးတွင်ထိုင်လိုက်ပြီး
သူ့အင်္ကျီအတွင်းအိတ်ထောင်ထဲမှ ဖုန်းလေးထုတ်လိုက်သည်။
ဖုန်းလေးကို အင်တာနက်လိုင်းဖွင့်ပြီး
ဟိုကြည့် ဒီကြည့်လုပ်ရင်း အချိန်ဖြုန်းနေမိတယ်။
သူဖုန်းကြည့်နေတုန်းမှာပဲ ကျန်းချန်ဆီကစာဝင်လာသည်။* ပျားရည်စစ်မစစ် ဘယ်လိုခွဲရလဲ သိလား *
ဝေ့ရင်းရယ်မိတယ်...အကွက်ဟောင်းကြီးနဲ့ကွာ။
ဒါပေမယ့် ကျန်းချန်စိတ်ချမ်းသာအောင်
သူ follow လိုက်ပေးဖို့ဆုံးဖြတ်လိုက်သည်။*မသိဘူး..*
ကျန်းချန်စာပြန်ပို့လာသည်။
*ခွေးကျွေးကြည့်လိုက်...ပျားရည်စစ်ရင်ခွေးမစားဘူး*
ဝေ့ရင်းဟန်ဆောင်ပန်ဆောင်လေးအံ့သြပေးလိုက်တယ်။
YOU ARE READING
လက်ဆောင် (S-2) [လက်ဆောင် (S-2)] Completed
Fanfictionလက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။ လက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။