Zawgyi
...............မနေ့ညက တောင်ကုန်းပေါ်မှအဖြစ်အပျက်တွေကြောင့်
ဒီမနက် ထမင်းစားဝိုင်းမှာ ဝေ့ရင်းအနည်းငယ်အနေရခက်နေသည်။ သူ လန်ကျန့်ကို အကြည့်ချင်းမဆုံရဲဘူး။'ဝေ့ရင်း... အလည်လိုက်လာတာဘယ်လိုလဲ ပျော်ရဲ့လား'
လန်ကျန့်အဖေရဲ့စကားကြောင့် ဝေ့ရင်းမျက်နှာပူနွေးသွားတယ်။ ဒီမိသားစုက သူ့အပေါ်ကောင်းလွန်းသည်။
သူ့မှာ အားနာပြီး အနေရခက်တဲ့အထိပဲ။'ဟုတ်ကဲ့ ဦး...
ကွမ်ကျိုးက စိတ်ဝင်စားစရာကောင်းပါတယ်'လန်ကျန့်ရဲ့အဖေက သူ့စကားကြောင့် ကျေနပ်သွားပုံပေါ်သည်။
'ကောင်းတယ်...ရောက်တုန်းရောက်ခိုက် ပျော်အောင်နေ
မနက်ဖြန်ပြန်ကြမှာဆိုတော့ ဒီနေ့ရောဘယ်သွားလည်ကြဦးမှာလဲ''ဟင့်အင်း ပါး...
ဒီနေ့တော့ ကျွန်တော်တို့အပြင်မသွားတော့ဘူး
အိမ်မှာပဲ ရေကူးရင်းအနားယူကြမလားလို့''ကောင်းသားပဲ...
ဒါဆို လန်ကျန့် ဝေ့ရင်းကိုဂရုစိုက်လိုက်ဦး
ပါးက ဒီနေ့အလုပ်ကိစ္စတွေရှိတယ်...
နေ့လယ်လောက်မှပြန်ရောက်မယ်''ဟုတ်ကဲ့...ပါး'
အဖြစ်သည်းနေတဲ့သားအဖကိုကြည့်ပြီး
လန်ကျန့်အမေကဝင်ပြောသည်။'ဟုတ်ပါပြီ... ဧည့်သည်ကို လိုလေသေးမရှိအောင်
ဂရုစိုက်လိုက်ပါ့မယ်
စိတ်မပူနဲ့ သူပျော်အောင်ထားမှာ
လုပ် လုပ်... ယောက်ျား အလုပ်သွားရမှာရှိတယ်မလား
ပြန်လာမှ အေးဆေးစကားပြောတော့'..............................................
လန်ကျန့်တို့အိမ်က ရေကူးကန်ကအကျယ်ကြီး၊
ဒိုင်ဗင်ထိုးတဲ့ စင်တောင်ပါသေးတယ်။
တကယ့်ကို လူကုံထံတွေရဲ့ဘဝက စိတ်ချမ်းသာစရာပဲလို့ ဝေ့ရင်းတွေးမိသည်။ဒါပေမယ့် ဒီနေရာမှာအဓိကပြသနာတစ်ခုရှိနေတယ်။
ဝေ့ရင်းရေမကူးတတ်ဘူး...။
သူရေကစားရတာကြိုက်တယ်...ဒါပေမယ့် သူရေမကူးတတ်ဘူး။
ဝေ့ရင်းရေကူးကန်ဘောင်ပေါ်ထိုင်ပြီး
ရေထဲခြေထောက်နှစ်ချောင်းတွဲလောင်းချကာ
လှုပ်စိလှုပ်စိလုပ်နေတယ်။
YOU ARE READING
လက်ဆောင် (S-2) [လက်ဆောင် (S-2)] Completed
Fanfictionလက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။ လက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။