Ch-10[Z+U]

4.8K 700 27
                                    

Zawgyi
................

ကွမ်​ကျိုးမြို့အဝင်​သို့ဦးတည်​​နေ​သော
Express ကား​​ပေါ်တွင်​ လန်​ကျန့်​နှင့်​ဝေ့ရင်းတို့ပါလာကြသည်​။
မိုးမလင်းတလင်းအချိန်​ဖြစ်​ပြီး မိုးအုံ့အုံ့​လေးနှင့်​မိုးမှုန်​​လေးများ
ကျ​နေတဲ့ ကွမ်​ကျိုးမြို့​လေးထဲမကြာခင်​​ရောက်​​တော့မည်​။
ကားမှန်​မှတဆင့်​အပြင်​မှာမြင်​​နေရတဲ့ရှုခင်း​တွေကိုကြည့်​​ရင်း
လန်​ကျန့်​ရင်​ထဲ ​နွေး​ထွေးတဲ့ခံစားချက်​​လေးများဖြတ်ေ​ပြး​နေသည်​။

ကားပြတင်း​ပေါက်​​ဘေးမှာ​ လန်​ကျန့်​ထိုင်​​နေတာဖြစ်​ပြီး
လန်ကျန့်​​ဘေးမှာ​တော့ သူ့ပခုံးကိုမှီလျက်
ပါးစပ်​က​လေးဟကာအိပ်​​မောကျ​နေ​သော ​ဝေ့ရင်း။
ဝေ့ရင်းက မြန်​​အောင်​လို့ ​လေယာဉ်​နဲ့ပြန်​ဖို့​ပြော​ပေမယ့်
လန်​ကျန့်​ကငြင်းခဲ့တာ...သူ​လေယာဉ်​စီးဖို့အဆင်​သင့်​မဖြစ်​​သေး။
လန်​ကျန့်​ ကွမ်​ကျိုးကိုပြန်​လာပြီ...
ပြီး​တော့ ​ဝေ့ရင်းကိုလည်း ​ခေါ်လာခဲ့ပြီ။
လန်​ကျန့်​ ​ဝေ့ရင်းနဖူးကို ဖျတ်​ခနဲ ဖွဖွ​လေး အနမ်းခိုး​ပေး​ပြီးမှ နှိုးလိုက်​သည်​။

'​ဝေ့ရင်း....​ဝေ့ရင်း'

အင်း...အဲ နဲ့ ​ဝေ့ရင်းက သိပ်​မနိုးချင်​။

'​ဝေ့ရင်း...ထဦး ငါတို့​ရောက်​​တော့မယ်​'

ညကားစီးလာတာဖြစ်​၍ အိပ်​​ရေးပျက်​​နေ​သော​ဝေ့ရင်းက
အိပ်​မှုန်​စုံမွှားနှင့်​ မျက်​လုံး​လေးဖွင့်​လာသည်​။
လန်​ကျန့်​လက်​​ဆောင်​ဝယ်​​ပေးတဲ့ ဂျာကင်​အနီရဲရဲ​လေးနှင့်
အလွန်​လိုက်​ဖက်​​နေ​သော​ဝေ့ရင်း။
ဝေ့ရင်းကသမ်းရင်းနှင့်​ ​ဗလုံးဗ​ထွေး​ပြောသည်​။

'ဝါး....​​အေးလိုက်​တာ..'

'အင်း.'

လန်​ကျန့်​က ​အေး​နေ​သော​ဝေ့​ရင်းလက်​ဖျား​လေး​တစ်ဖက်​​ကို
ဆွဲယူလျက်​ သူ့လက်​တစ်​ဖက်​နှင့်​အတူ
သူ့ကုတ်​အင်္ကျီ၏အိပ်​ကပ်​ထဲသို့ထည့်​လိုက်​သည်​။
ဝေ့ရင်းက မီး​ရောင်​ရှိရာတိုးလာ​သောပိုး​ကောင်​​လေးလို
လန်​ကျန့်​နားတိုးကပ်​လာပြီး ​နောက်​လက်​တစ်​ဖက်​ပါထပ်​ထိုးထည့်​သည်​။
ပြတင်း​ပေါက်​မှရှုခင်း​တွေကိုလှမ်းကြည့်​​နေ​သော​ဝေ့ရင်းအား
ငုံ့ကြည့်​ရင်း လန်​ကျန့်​က​နွေး​ထွေး​သောအသံ​လေးဖြင့်​​မေးလိုက်​တယ်​။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now