Ch-16 [Z+U]

4.5K 676 46
                                    

Zawgyi
...............

ဝေ့ရင်းနဲ့လန်​ကျန့်​ ​တောင်​​ပေါ်သွားပြီး
ည​နေအ​ဆောင်​ပြန်​​ရောက်​​တော့ 
ဝေ့ရင်းကိုယ်​လက်​​တွေမအီမသာဖြစ်​လာသည်​။
နည်းနည်းပင်​ပန်းတာ​ရော၊ ​ရေ​ဆော့တာကြာတာ​ရော ​ပေါင်းပြီး
အဖျားဝင်​ချင်​ပုံရတယ်​။

ခဏဆိုပြီး မိုးချုပ်​ခါနီးမှပြန်​လာလို့ ကျန်းချန်​ကမကြည်​ဘူး၊
မျက်​ခွက်​အပုပ်​လိုက်​နဲ့။
ရှောင်းကျန့်​ ဒီဘက်​ကုတင်​မှာ​စောင်​ခြုံလှဲ​နေရင်း
စာကြည့်​စားပွဲမှာ စူပုပ်​ပုပ်​မျက်​နှာနဲ့ထိုင်​​နေတဲ့ကျန်းချန်​ကို
အသာခိုးကြည့်​​နေတယ်​။

ခဏ​နေ​တော့ ​စောင်​​လေးခြုံပြီး ကျန်းချန်​နား
မသိမသာကပ်​သွားကာ ပခုံးကိုနဖူးနဲ့ခပ်​ဖွဖွတိုက်​လိုက်​သည်​။

'ကျန်းချန်​...'

မျက်​လုံး​လေး​ပေကလပ်​၊​ပေကလပ်​လုပ်​ပြီး
နဖူးနဲ့ပခုံးကိုတိုက်​ပြီးချွဲ​တော့ ကျန်းချန်​ကမျက်​​စောင်းကြီး
တဝင့်​ဝင့်​နဲ့ငုံ့ကြည့်​ပြီး ​မေးတယ်​။

'ဘာလဲ'

ဝေ့ရင်း အသံကို မိုင်​ကုန်​နူးညံ့ပြီးချွဲလိုက်​သည်​။

'ကျန်းချန်​...ငါ​ဖျားချင်​​နေတယ်​ထင်​တယ်​'

ကျန်းချန်​သနားသွားပုံရသည်​။

'မ​အေ​ဘေး...အ​သေ​လေး​မွေးလာရမှာ
လင်​နဲ့တစ်​​နေကုန်​ပတ်​​ပျော်​​နေတုန်းက မဖျားဘူး
ပြန်​လာလို့ ငါ့အခန်းထဲ​ရောက်​မှ ဖျား၊
သေပါ့လား'

အရင်​ဘဝဆိုတာတကယ်​ရှိခဲ့ရင်​ ကျန်းချန်​က
ပ​ထွေးများ​တော်​ခဲ့သလား​တောင်​ ​ဝေ့ရင်း​တွေးမိသွားတယ်​။

'ကျန်းချန်​ရယ်​...ငါတကယ်​ ​နေလို့မ​ကောင်းလို့ပါကွာ'

ဝေ့ရင်း ​ပြောရင်းဆိုရင်း ကျန်းချန်​နားတိုးဖက်​ပြီး ချွဲ​နေလိုက်​သည်​။

'အဲ့​တော့ ငါဘာလုပ်​​ပေးရမှာလဲ
ဆေး​သောက်​ပြီးပြီလား...'

'ဟင့်​အင်း...'

ဝေ့ရင်း ​ခေါင်း​လေးခါပြ​တော့ ကျန်းချန်​စာကြည့်​စားပွဲကထပြီး
ဆေး​သေတ္တာထဲမှ အဖျား​ပျောက်​​ဆေးတစ်​လုံးနဲ့
ရေတစ်​ခွက်​ယူလာ​ပေးသည်​။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now