Ch-14 [Z+U]

4.5K 710 29
                                    

Zawgyi
...............

'မိန်​ရှန်း...'

အရပ်​ရှည်​ရှည်​၊ ဖြူဖြူသွယ်​သွယ်​နဲ့မိန်းမ​ချော​လေးတစ်​ဦးက
လန်ကျန့်နဲ့​ဝေ့ရင်း​​​ဆီ တည့်​တည့်​​လျှောက်​လာသည်​။
မိန်​ရှန်းကို​တွေ့​တော့ ​ဝေ့ရင်းကအရင်​နှုတ်​ဆက်​လိုက်​သည်​။

'နိ​ဟောင်​..'

မိန်​ရှန်းကလည်း အပြုံးလှလှ​လေးနဲ့ ​ဝေ့ရင်းကိုပြန်​နှုတ်​ဆက်​တယ်​။

'​ဝေ့ရင်း...နိ​ဟောင်​'

'မိန်​ရှန်း.. မင်းဒီဘက်​ကို ဘာလာလုပ်​တာလဲ'

'ယူတို့ဌာနက တို့သူငယ်​ချင်းတစ်​​ယောက်​ဆီလာတာ၊
ယူ့ကို​တွေ့လို့ လာနှုတ်​ဆက်​တာ...'

'​ကောင်းလိုက်​တာ... မ​တွေ့တာကြာပြီ
အယ်​... မင်း ​နေ့လယ်​စာစားပြီးပြီလား..၊
မစားရ​သေးရင်​ ကိုယ်​တို့နဲ့အတူသွားစားကြမလား'

ဝေ့ရင်းက မိန်​ရှန်းကိုမ​တွေ့တာကြာပြီဖြစ်​ပြီး
အခုလိုတိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ရ​တော့ အ​တော်​ဝမ်းသာ​နေတယ်​။
မိန်​ရှန်းက ​ဝေ့ရင်း​ဘေးက လန်​ကျန့်​ကို တစ်​ချက်​ကြည့်​ပြီး
စကားဆက်​တယ်​..။

'ဒါနဲ့....သူက..'

'​သြော်​...သူက ကိုယ့်​သူငယ်​ချင်း​လေ..
လန်​ကျန့်​တဲ့... ဌာနက'

'​သြော်​...​တွေ့ရတာဝမ်းသာပါတယ်
ကျွန်​မက နိုင်​ငံ​ရေးနဲ့သိပ္ပံဌာနက မိန်​ရှန်းပါ'

လန်​ကျန့်​ကပြန်​နှုတ်​မဆက်​ဘူး။
မိန်​ရှန်းက တစ်​ချက်​ပဲပြုံးပြီး ​ဝေ့ရင်းဘက်​ပြန်​လှည့်​သွားသည်​။
ဝေ့ရင်းက သူခုနက​မေးလက်​စကို ဆက်​​မေးလိုက်​တယ်​။

'ဘယ်​လိုလဲ...​နေ့လယ်​စာအတူစားမလား'

'ဒီ​နေ့​တော့​တော်​ပါပြီ...ယူတို့နဲ့မလိုက်​​တော့ဘူး
တို့သူငယ်​ချင်းနဲ့သွားစရာ​လေးရှိလို့၊ ဖုန်းဆက်​လိုက်​​လေ
နောက်​မှ တစ်​​နေရာရာမှာဆုံကြရ​အောင်​..'

'​ကောင်းပြီ... ​နောက်​မှဆုံမယ်​၊ ကိုယ်​ဖုန်းဆက်​လိုက်​မယ်​'

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedOnde histórias criam vida. Descubra agora