Ch-11[Z+U]

4.5K 704 32
                                    

လန်​အိမ်​​တော်​ကို​ရောက်​​တဲ့နေ့ ​နေ့လယ်​စာစားပြီး​တော့
လန်​ကျန့်​က​ဝေ့ရင်းကို မြို့ထဲအလည်​အပတ်​လိုက်​ပို့ဖို့လုပ်​တယ်​။
အစက​တော့​ဝေ့ရင်းလည်းမသိဘူး၊
လန်​အိမ်​​တော်​ကကားနဲ့ပဲသွားမယ်​ထင်​​နေတာ..
ခဏ​နေကျ လန်​ကျန့်​က သူ့ရဲ့ဆိုင်​ကယ်​ကြီးထုတ်​လာတယ်​။

'ဝါး....လန်းလှ​ချေလား...'

ကြွရွပြီး အင်​မတန်​လှတဲ့ ဆိုင်​ကယ်​အစိမ်း​ရောင်​ကြီးကို
ဝေ့ရင်းတ​မေ့တ​မောကြည့်​မိသည်​။

'မင်း ကြိုက်​လား..'

'အင်း...​စောက်​ရမ်းလှတယ်​ကွာ'

'လာခဲ့..'

လန်​ကျန့်​က ​ဝေ့ရင်းကို သူ့​ဘေးနား​ခေါ်ပြီး
ဆိုင်​ကယ်​ဦးထုပ်​​ဆောင်း​ပေးသည်​။ အဲ့ဒီအချိန်​မှာ
ဝေ့ရင်းက မျက်​နှာချို​လေး​သွေးပြီး ​မေးကြည့်​တယ်

'ငါ​မောင်းလို့ရလား...'

'မရဘူး'

လန်​ကျန့်​က ​ဝေ့ရင်းကို ကွမ်​ကျိုးမြို့ရဲ့​နေရာစုံ
ဆိုင်​ကယ်​နဲ့လိုက်​ပတ်​ပြတယ်​။
မြို့​လေးကစိမ်းစိုလန်းဆန်းပြီး ရှူရတဲ့​လေကိုက​အေးမြ​နေသည်​။
တစ်​မြို့လုံးအနှံ့သစ်​ပင်​​တွေစိုက်​ထားပြီး
ဘွန်​ဆိုင်းပင်​ပု​လေး​တွေက​နေရာတကာ။
လမ်း​ဘေး​ဈေးခင်းပြီး​ရောင်း​နေတဲ့
ဆိုင်​​သေး​သေး​လေး​တွေအများကြီးပဲ။
ဝင်​စပ်​စုကြည့်​​တော့ စီးကရက်​​တွေသီးသန့်​​ရောင်းကြတာတဲ့၊
တံဆိပ်​​ပေါင်း ၂၀၀​ကျော်​​လောက်​​တောင်​ရှိမယ်​။
လန်​ကျန့်​​တောင်​ စီးကရက်​တစ်​ဘူးဝယ်​လို့
ဒီ​ကောင်​​သောက်​တတ်​ရဲ့သားနဲ့လျှိုထားတာလားလို့ 
ဝေ့ရင်း​တွေးမိ​တယ်​။
ပြီး​တော့ ဘီယာတစ်​ကတ်​လည်း ဝယ်​သည်​။
ဝေ့ရင်းအံ့သြသွားတယ်​....ဒီ​ကောင်​က သူ့မြို့မှာကျ ကြက်​ဖဟ။

ထို့​နောက်​ လန်​ကျန့်​က ​ခေါက်​ဆွဲဆိုင်​​လေးတစ်​ဆိုင်​ကို​ခေါ်သွားသည်​။
ကွမ်​ကျိုးမြို့မှာ ​ခေါက်​ဆွဲဆိုင်​​လေး​တွေက အသက်​ပဲ တဲ့။
ဆိုင်​​လေး​တွေကကြည့်​လိုက်​တာနဲ့
မိသားစုအစဉ်​အဆက်​လုပ်​ကိုင်​လာတဲ့
အ​ငွေ့အသက်​မျိုး​လေး​တွေ။
အသီးအရွက်​​လေး​တွေကလတ်​ဆတ်​ပြီး
ခေါက်​ဆွဲကလည်း နူးအိ​နေတာပဲ၊
အသားဖက်​​တွေက နူးညံ့ပြီး​ကောင်းလွန်းလို့
လျှာ​ပေါ်မှာ​ပျော်​ဝင်​သွားသလိုပဲ။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now