Zawgyi
...............'ဒေါက် ... ဒေါက်... ဒေါက်'
မနက်ခင်းခပ်စောစောမှာပဲ ဝေ့ရင်းနဲ့ကျန်းချန်တို့ရဲ့
အခန်းတံခါးကို တစ်စုံတစ်ယောက်လာခေါက်နေတဲ့အသံ
ထွက်ပေါ်လာသည်။ဝေ့ရင်းဆိုတဲ့ကောင် ဒါမျိုးထဖွင့်ဖော်ရရင်
ရွာနေတဲ့မိုးဖွဲဖွဲ ချက်ချင်းတိတ်ပြီး နှင်းတွေပါကျလာကုန်လိမ့်မယ်။
အိပ်ချင်မူးတူးနဲ့ကျန်းချန်ပဲ ကသိုင်းကရိုင်းထဖွင့်သည်။
တံခါးဖွင့်လို့တစ်ဖက်မှာတွေ့လိုက်ရတဲ့ လန်ကျန့်။'ဘာကိစ္စလဲ...'
'ဝေ့ရင်းရော..'
ကျန်းချန် တံခါးကိုဖွင့်ပေးခဲ့ပြီး
သူ့ကုတင်ပေါ်သူပြန်သွားအိပ်တော့သည်။
လန်ကျန့်က အိပ်ပျော်နေတဲ့ဝေ့ရင်းကုတင်ဆီ လျှောက်သွားတယ်။'ဝေ့ရင်း....ထပါဦး'
လန်ကျန့်က ဝေ့ရင်းကို ခပ်ဖြည်းဖြည်းလှုပ်နှိုးသည်။
'အင်း...ဘာလဲ'
လန်ကျန့်က ဝေ့ရင်းရဲ့လက်ကောက်ဝတ်လေးကို
ခပ်ဖြည်းဖြည်းဆုပ်ကိုင်ပြီးပြောသည်။'ထပါဦး...ငါ့ကိုအောက်ခဏလိုက်ပို့ပေး'
အိပ်မှုန်စုံမွှားနဲ့ဝေ့ရင်းက လန်ကျန့်ကို
မျက်လုံးလေးတွေမှေးကြည့်သည်။
စာမေးပွဲပြီးပြီမို့လို့ လန်ကျန့်ပြန်တော့မှာပဲဆိုတာကို
ဝေ့ရင်းသတိရသွားသည်။
ပြီးတော့မှ ထလာပြီးခေါင်းညိတ်တယ်..။'အင်း'
လန်ကျန့်က သူ့ခရီးဆောင်အိတ်ကိုတစ်ဖက်ကဆွဲပြီး
ကျန်တဲ့လက်တစ်ဖက်က ဝေ့ရင်းရဲ့လက်ကောက်ဝတ်လေးကနေဆွဲခေါ်လာသည်။မနေ့ညကဝိုင်းကြောင့်ရော၊ မနက်စောသေးတာကြောင့်ရော
အဆောင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။
အဆောင်လျှောက်လမ်းလေးမှာ
လန်ကျန့်နဲ့ဝေ့ရင်းနှစ်ယောက်တည်းသာ
ခပ်ဖြည်းဖြည်းလျှောက်လှမ်းလျက်။
နှစ်ယောက်သား စကားတစ်ခွန်းမဆိုမိကြ။
YOU ARE READING
လက်ဆောင် (S-2) [လက်ဆောင် (S-2)] Completed
Fanfictionလက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။ လက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။