Ch- 23[Z+U]

4.8K 698 49
                                    

Zawgyi
..............

ကျန်းချန်​က ​ဝေ့ရင်းကို ဖွန်​​ကြောင်​တာ​လျော့လို့​ပြောတယ်​။

'ကျန်းချန်​..မင်းရူး​နေလား
ယောက်ျား​လေးဆိုတာ နှာဘူးနဲ့ဂန်​ဒူးပဲရှိတာ
ငါ့လိုသန်​မာတဲ့လူပျို​လေးက နှာဘူးဖြစ်​တာဘာဆန်းလဲ
ယောက်ျားကွ...ကျား ကျား ​ဝေါင်းးးးးး'

ဝေ့ရင်းစကားကို ကျန်းချန်​က နှာ​ခေါင်းရှုံ့တယ်​။

'သွားစမ်း.... စကြာဝဠာအပြင်​ဘက်​သွား​ပြော
မင်းလားကျား.. လန်​ကျန့်​​ရှေ့ဆို တ​ညောင်​​ညောင်​နဲ့
ကြောင်​ရှုံးတဲ့​ကောင်​ကများ'

ကျန်းချန်​​ပြော​တော့ ​ဝေ့ရင်းစိတ်​ဆိုးသွားတယ်​၊
ဘာစိတ်​ဆိုးလဲ​မေးရင်​လည်း အမှန်​အတိုင်းကြီးဖြစ်​​နေ​တော့
ပါးစပ်​ပိတ်​ပြီးဆဲ​နေရတဲ့​ဝေ့ရင်း။

..........................................................

ဝေ့ရင်းရဲ့လူပျိုအိပ်​မက်​​လေးက​တော့
အရမ်းလှတဲ့မိန်းမ​ချော​လေးတစ်​ဦးနဲ့ လှလှပပအနမ်း​တွေ​ပေးတဲ့ စိတ်​ကူးလှလှ​လေး​ပေါ့။
တကယ်​လည်း ​ဝေ့ရင်းရဲ့ပထမဆုံး အနမ်း​တွေကလှပြီး ချိုမှချို...။
တစ်​ဖက်​လူက မိန်းမ​ချောမဟုတ်​ဘဲ..​ယောက်ျား​ချောကြီးဖြစ်​​နေတာ​လေးတစ်​ခုပဲ။
နမ်း​နေရင်းနဲ့ ​ဝေ့ရင်းအ​ပြေးအလွှား​တွေးပါ​သေးတယ်
ဖြစ်​ပါ့မလား... ဒီ​ယောက်ျားကြီးနဲ့နမ်းလို့ရပါ့မလားဆိုပြီး..၊
ခဏ​နေ​တော့ ​ဝေ့ရင်းအ​တွေးနည်းနည်းလမ်းလွဲသွားတယ်
ဒီလူ့ကိုနမ်းရတာကြိုက်​လိုက်​တာ ဖြစ်​ကုန်​​ရော။

နမ်းရတာကြိုက်​ပါတယ်​ဆို​နေမှ လန်​ကျန့်​ဆိုတဲ့​ကောင်​က
နမ်းတာကို ချုပ်​ပြီးဘယ်​လို​တွေနမ်း​နေမှန်းကိုမသိဘူး..
ကြိုက်​လို့​သေ​တော့မယ်​။
ပြီး​တော့ ​ဝေ့ရင်းက​တွေးထားတာ နမ်းလို့ပြီးရင်
လန်​ကျန့်​ကိုတိုးတိုး​လေး​ပြောမယ်​..
သူရင်​​တွေအရမ်းခုန်​​နေပါတယ်​​ဘာညာ..။
ဒါ​ပေမယ့်​ နမ်းလို့​တောင်​မပြီး​သေးဘူး...
ဝေ့ရင်း​လက်​ဖဝါးကို လန်​ကျန့်​က
သူ့နှလုံးရှိရာရင်​ဘက်​​ပေါ်ဆွဲယူတင်​​ပေးသည်​။
ကြွက်​များဝင်​​ပြေး​နေလားမှတ်​ရ​အောင်
လန်​ကျန့်​ရင်​ခုန်​သံ​တွေက ပွက်​​လော​တွေထိုး​နေတာပဲ။
ဝေ့ရင်းစိတ်​ဆိုးရပြန်​ပြီ...
တောက်​ ရိုစရာရှိတာ မင်းပဲလုလုပ်​​နေလိုက်​​တော့​လန်​ကျန့်​။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now