Zawgyi
"ဟဲ့... ဟိုမှာစကိတ်စီးနေတာ Wang Yiboနဲ့ဆင်သလိုပဲ"
"အေးနော်.. ဒီရက်ထဲ Wang Yiboတယောက် ChongQingမှာ ရိုက်ကူးရေးရှိတယ်ပြောတာ.. အဲ့တာများလား မသိဘူး... အနားသွားကြည့်ရအောင်"'ကျွတ်စ်.... ကွိုင်ပဲ... ငါ့ကိုများ ရိပ်မိသွားကြတာလား... ဒီနားက အမြန်ခြေရာဖျောက်မှပဲ'
.
.
.
*ဒုန်း....."အာ့!"
'ဟာ... သွားပြီ... Wang Yibo! မင်းကတော့ ပြသနာကို မီးညှိပြန်ပြီ'
"အဟဲ.. ဒီက အကို... ဘာဖြစ်သွားသေးလဲဗျ... ထနိုင်ရဲ့လား... ကျွန်တော်ကူပေးရမလား""ဪ... ဒီလောက်လမ်းအကျယ်ကြီးကိုကွာ စကိတ်စီးချင်လည်း ဖြည်းဖြည်းသက်သာစီးမှပေါ့ ညီရာ.. အခုအကို့နေရာမှာ အဘွားအိုတယောက်သာဆိုလို့ကတော့ မင်း ဘယ်လိုလုပ်မလဲ ညီ"
'ဟူး... အကို Zhou Chengလက်သစ်လားမသိဘူး... အခုမှတွေ့တဲ့သူကို တရားတွေစွတ်ဟောနေလို့'
"Sorryပါ အကိုရယ်... ကျွန်တော်လည်း ဒီနေရာကိုသိပ်မကျွမ်းတော့ လမ်းတွေကြည့်ရင်းစီးလိုက်ရလို့ လူကိုမမြင်ဘူး ဖြစ်သွားတာပါ... စိတ်မရှိပါနဲ့ အကိုရယ်""ဪ... ညီက ဒီကမဟုတ်ဘူးလား... အစ်ကိုတို့မြို့ကသူတွေက ဖော်ရွေကြပါတယ်ကွ... ညီ အကူညီတောင်းရင် ကူညီပေးကြမှာပါ..."
"ဒါဆို.. အကိုက ဒီဇာတိပေါ့.. ကျွန်တော့ကို တစ်ခုကူညီပါလား... ဒီမြို့ထဲကျွန်တော်မရောက်ဖူးသေးတော့ ဘယ်နေရာတွေသွားရအးမလဲမသိဘူး... အလုပ်ကိစ္စကလည်း ရှိနေသေးတော့ အလျိန်လည်း သိပ်မရဘူးလေ.. ၃ရက်နဲ့ မြို့ထဲက အထင်ကရနေရာလေးတွေသွားချင်တာ.. အကို ကျွန်တော့ကို လိုက်ပို့ပေးပါလား"
"အင်း... အကိုလည်း ChongQingသားဆိုပေမယ့် ဒီကိုပြန်ရောက်တာ သိပ်မကြာသေးဘူး... ဒါပေမယ့် ဘယ်နေရာတွေသွားသင့်လဲဆိုတာတော့ အကိုမှတ်မိပါသေးတယ်... ငါ့ညီကို လိုက်ပို့ပေးနိုင်ပါတယ်ကွာ"
"ဟား!... ကျေးဇူးပါ အကိုရာ... မဟုတ်ရင် ကျွန်တော်တယောက်တည်း အူလည်လည်ဖြစ်တော့မှာ... ဒါနဲ့အကိုက ဒီမြို့ကမဟုတ်ဘူးလား.. ဒီကိုက ဘာလာလုပ်တာလဲ"
"အကိုက Beibeiခရိုင်ဘက်ကကွ... ဒီမှာ စိုက်ခင်းအတွက် လိုအပ်တာတွေလာဝယ်ရင်း မင်းသား Wang Yiboဆိုတာလား... သူ့ကို ဆောင်းရာသီပွဲတော်လာနိုင်မလားလို့ လာဖိတ်ရင်းပေါ့"
BẠN ĐANG ĐỌC
ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)
Fanfictionမောင်တို့ချယ်ရီမြေ ကို အခြေခံရေးဖွဲ့သည် မောင်တို့ချယ်ရီမြေ ကို အခြေခံရေးဖွဲ့သည် (12.4.2020 > 14.4.2020)