8. အခ်စ္က ခ်စ္တယ္တဲ့လား (အချစ်က ချစ်တယ်တဲ့လား)

916 83 0
                                    

Zawgyi

"Ge.. အစောကြီးရောက်နေတာလား... ရာသီဥတုက အေးနေတာကို"

"ဟမ်.. Bai Bai.. ညီလည်း အစောကြီး ရောက်လာတာလား"

"ဟုတ်တယ် Ge.. ကျွန်တော်လည်း စောစောနိုးတာနဲ့ ထွက်လာလိုက်တာ...အခုမှ ၈နာရီဆိုတော့ Geမရောက်လောက်သေးဘူးထင်နေတာ.. ဟီး Geက ကျွန်တော်ထက် ဝီရိယပိုကောင်းနေတာပဲ"

"အင်း... ကိုယ်က ညီ့ကိုတွေ့ချင်နေတာမို့ အချိန်တောင်သတိမထားမိဘဲထွက်လာခဲ့တာ... ခုလိုစောစောတွေ့ရမယ်တော့ မမျှော်လင့်ထားမိဘူး"

"ဗျာ... Geက ကျွန်တော့ကို တွေ့ချင်တယ်.. တခုခုကိစ္စများရှိလို့လား"
'Geရာ.. Geကတော့ ဒီတိုင်းတွေ့ချင်တယ်ပြောတာပဲ ကျွန်တော်ကသာ ဘာလို့စိတ်တွေခုန်နေရတာလဲမသိဘူး'

"အာ... အဲ့တာက.. ဟို... ကိစ္စတော့ အထွေထူးမရှိပါဘူး.. ဒီတိုင်း ပြောစရာရှိတာ... ဒါပေမယ့်အခုတော့ မဟုတ်ဘူး ညနေမှ... ပြန်ခါနီးမှပြောတော့မယ်.. အခုတော့ မနက်စာသွားစားကြရအောင်... ပြီးရင် Jinyunတောင်ကို သွားကြရအောင်.. ဟိုမှာ ရှုခင်းတွေလှတယ် ညီရ"

"ဪ.. ဟုတ် Zhan Ge.. သွားကြတာပေါ့"
.
.
.
"ညီ ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး Geရာ... ဒီလောက်တော့ အပျော့ပါ... Jinyunတောင်က ရှုခင်းတွေက တကယ်ပဲ စိတ်ကိုလန်းဆန်းစေတာပဲ Zhan Geရ"
'တကယ်တော့ ဘေးနားမှာ Geက အတူတူရှိနေတာကြောင့်ပါ'
.
.
.
"Zhan Ge ကျွန်တော် ChongQingရောက်တုန်း ဝေဟင်ရထားစီးချင်တယ်... လိုက်ပို့ပေးပါလား Ge"

"အင်း.. ရတာပေါ့ ညီရ.. အကိုက အခု ဒီကအပြန် ဝေဟင်ရထားစီးရအောင် ပြောမလို့... ညီ စီးနိုင်ပါ့မလား မသိလို့သာ"

"ရတာပေါ့ Ge.. Geသာပါရင် ကျွန်တော် ဘာမဆိုလုပ်ဝံ့တာပေါ့"

'ညီရာ... အဲ့လိုတွေပြောနေရင် အကို့ခံစားချက်တွေကို ညီသိအောင်ဖွင့်ချမိတော့မယ်ထင်တယ်... ကိုယ့်ခံစားချက်တွေပြောမိလို့ ညီက ရွံရှာသွားမှာလည်း အကိုကြောက်တယ်ကွာ... အကိုဘယ်လိုလုပ်ရပါ့ ညီရယ်'
.
.
"Zhan Ge... ကျွန်တော့်ကိုပြောစရာရှိတယ်ဆို.. ဘာပြောမှာလည်းဟင်"

"ညီ... အကို အခုပြောမယ့်စကားတွေကို သေချာလေးတော့ နားထောင်ပေးပါ... အကိုဒီစကားတွေပြောပြီးတဲ့အချိန် ညီ ကြိုက်သလိုဆုံးဖြတ်လို့ရပါတယ်... ဒါပေမယ့် အကို့ကိုတော့ မရွံလိုက်ပါနဲ့..  အကိုကြိုပြီးတောင်းဆိုပါရစေ"

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ