10. သူ (သူ)

829 74 0
                                    

Zawgyi

"Zhan Ge... ကျွန်တော့ကိုတကယ် ချစ်တာလားဟင်.. ဘယ်လောက်ထိချစ်တာလဲဟင်"

"တကယ်ချစ်တာပါ ညီ... ဘယ်လောက်ထိချစ်လဲဆိုတာတော့ ကိုယ်မပြောတတ်ဘူး.. ကလေးလေးတွေပြောသလို မိုးလောက်ကြီးချစ်တယ်ပြောရမလား... လူကြီးတွေပြောသလို ကမ္ဘာဆုံးထိချစ်တယ်ပြောရမလား... ဒါပေမယ့် အဲ့လိုတွေက တကယ်မဟုတ်ကို ချဲ့ကားပြောနေတယ်လို့ ကိုယ်ထင်တယ်.. အဲ့ဒီတော့ ကိုယ်ပြောနိုင်တာတစ်ခုက ညီကို ကိုယ်ချစ်တယ်... ဒီနေ့တိုင်း ဒီနေ့တိုင်းဟာ ညီတယောက်ကိုပဲ ချစ်နေမယ့် ကိုယ့်ရဲ့နေရက်တွေပဲ"

"အကယ်၍ ကျွန်တော်သာ Geကို လိမ်ညာထားခဲ့ရင် ကျွန်တော့ကို မုန်းသွားမှာလားဟင်"

"ညီ့ဆီမှာ တခြားချစ်ရတယ်သူရှိတယ်ဆိုတာကလွဲရင် ကျန်တာ ကိုယ်ခွင့်လွှတ်နိုင်မယ်ထင်တယ် ညီ"

"Geရယ်...
ဒါနဲ့ Ge မနက်ဖြန် မင်းသား Wang Yiboရဲ့ မိတ်ဆုံစားပွဲကို သွားမှာလားဟင်... မဟုတ်ဘူး သွားလိုက်ပါ Ge... Geအတွက် အမှန်တရားတစ်ခု အဲ့ဒီမှာ ရှိနေမှာပါ"

"ညီ... ဘာလို့ ကိုယ့်ကို အဲ့ဒီကို သွားစေချင်ရတာလဲ... ညီ ကိုယ့်ကို တစ်ခုခုများ ပြောစရာရှိနေတာလား"

"Geအဲ့ဒီကိုရောက်ရင် အားလုံးကိုသိသွားမှာပါ... အခုတော့ ကျွန်တော်တို့ အဲ့တာတွေမပြောဘဲ နေရအောင်နော်.. Geရင်ခွင်ထဲ အခုလိုမှီထားရတာ ကျွန်တော့အတွက် တကယ်ကို နွေးထွေးလို့ပါ"
'Geရယ်... မနက်ဖြန်မှာရော Geရဲ့ ရင်ခွင်က ကျွန်တော့အတွက် ရှိနေဦးမှာလား... ဒီညတော့ ကျွန်တော့စိတ်တွေ ပူပန်နေရဦးမှာပဲ Geရယ်... ကျွန်တော့ ဆံပင်တွေကို အမြတ်တနိုးနမ်းတတ်တဲ့ Ge.. ကျွန်တော့လက်ကို ဆုပ်ကိုင်ထားပေးတဲ့ Ge.. Geကို ကျွန်တော် လက်မလွှတ်နိုင်တာပါ Geရယ်.. ကျွန်တော့ကို Geမုန်းမသွားဖို့ ဒီတညတော့ ဆုတောင်းခွင့်ရှိတယ်မဟုတ်လားဟင်'
.
.
.
.
.
"Xiao Zhanရေ... သွားကြရအောင်လေ.. ပွဲက ဒီချိန်ဆို စနေပြီကွ"

"အေး.. လာပါပြီကွာ.. သွားကြမယ်"
.
.
.
"ဪ.. ဟိုတနေ့က ဟိုတယ်မှာတွေ့တဲ့သူတွေပဲ... Wang Yiboနဲ့တွေ့ဖို့ပဲမဟုတ်လား"

"Zhan Ge!... ရောက်လာပြီလား"

"ညီ! ညီက ဒီကိုဘယ်လိုရောက်..."

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ