Zawgyi
"လေးလေး!! လေးလေး! ကိုငယ်! ဒီမှာကြည့်ဦး... ဒီပုံတွေက ဘယ်လိုတွေ... ???"
"ဘာပုံတွေလဲ Fan Xing"
"ဟမ်.. ဒါ Xiao Zhan မဟုတ်လား... Yibo မင်းနဲ့ Xiao Zhan ပုံတွေကဘယ်လိုလုပ် အွန်လိုင်းမှာ ပျံ့နေတာလဲ"
"ဒါတွေက နှစ်သစ်ကူးပွဲမတိုင်ခင် မြို့ထဲလျှောက်လည်တုန်းက ပုံတွေပဲ... ဘယ်လိုဖြစ်ပြီး ဒီပုံတွေက"
"ဘယ်သူတင်လဲဆိုတာ ငါ အရင်စုံစမ်းလိုက်ဦးမယ်.. Xiao Zhanရော... ဒီကိစ္စသိလောက်ပြီလား"
"Geက မနေ့တည်းက စိုက်ခင်းမှာ... မနက်ဖြန်ညနေမှ အိမ်ပြန်မှာ.. စိုက်ခင်းမှာဆိုတော့ ဒီသတင်းတွေသိဦးမှာ မဟုတ်လောက်ဘူး.. ကျွန်တော် Geဆီ ဖုန်းဆက်လိုက်ရမလား"
"နေဦး Yibo... ငါတို့ဒီက အခြေနေကို အရင်ထိန်းကြည့်မယ်... အဲ့တာပြီးမှ မင်းရဲ့ Geကို အကျိုးကြောင်းပြောပြပေါ့"
"ဟုတ် အကို Zhou Cheng... ကျွန်တော့ဘက်က ကိစ္စမရှိပေမယ့် Zhan Geအတွက် စိတ်အနှောင့်ယှက်ဖြစ်မှာပဲ စိတ်ပူတာ... ကျွန်တော့စိတ်နဲ့သာဆို ဒါက အမှန်တွေပါလို့် ဖွင့်ပြောလိုက်မှာ"
"စိတ်ထိန်းပါဦး Yiboရာ.. ဒီသတင်းက မင်းတို့နှစ်ယောက်လုံးအတွက် ကောင်းကျိုးတွေပဲရလာမှာမဟုတ်ဘူး... အဆိုးတွေလည်း ရှိလာနိုင်တယ်ကွ"
.
.
.
.
.
"ကလင် ကလင် ကလင်...""Hello ဦးလေး... ဘာကိစ်"
"Xiao Zhan! မင်း ခုချက်ချင်း အိမ်ပြန်လာစမ်း.. မင်းနဲ့ငါ စာရင်းရှင်းစရာတွေရှိတယ်"
"ဗျာ! ဘာဖြစ်လို့လဲ ဦးလေး"
"ဘာဖြစ်ရမလဲ... မင်းပြောတော့ ဆင်ခြင်ပါတယ်ဆို.. ခုတော့ မင်းနဲ့ Wang Yiboရဲ့သတင်းတွေက ပလူကိုပျံနေပြီကွ.... မင်းသိလား... မင်း သိရဲ့လားလို့!"
"ဟာ...! ဘာတွေဖြစ်နေလို့လဲ ဦးလေးရာ... ကျွန်တော် အခုပဲ ပြန်လာခဲ့မယ်"
.
.
"ရော့... ဒီမှာ... အဲ့ပုံတွေက ဘယ်လိုဖြစ်ရတာလဲ... ဘာတဲ့ နိုင်ငံကျော်သရုပ်ဆောင် Wang Yiboတယောက် အချစ်ကိုရှာတွေ့ပြီလား တဲ့... နောက်တစ်ခုက ဘာဖြစ်တယ်.. Wang Yiboရဲ့ အပြုံးတွေကို အသက်ဝင်စေသူက ယောက်ျားလေးတယောက်တဲ့လား တဲ့.. မင်းပြောတော့ ဆင်ခြင်တယ်ဆို.. အခု ဒီပုံတွေက ဘယ်ကဘယ်လိုရောက်လာရတာလဲကွ"
ВЫ ЧИТАЕТЕ
ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)