13. အချစ်က ဆုံဆည်းခွင့်ရှိမလား (အချစ်က ဆုံဆည်းခွင့်ရှိမလား)

722 64 0
                                    

Zawgyi

"Ah Zhan.. မင်းလည်း အိမ်မပြန်တာကြာပြီ.. ယာခင်းထဲပဲ အချိန်ဖြုန်းနေတာ... မင်းကိုယ်မင်းလည်း ဂရုစိုက်ပါဦးကွာ"

"ငါ ဘာမှမဖြစ်ပါဘူးကွ... ဒီယာခင်းက ငါ့ရဲ့အသက်ပဲ.. စိုက်ခင်း ထဲမှာရှိနေရင် ငါ့အတွက်အားလုံပြည့်စုံပါပြီကွာ.. ဟားဟား"

"အားလုံးပြည့်စုံတယ်ဆိုတဲ့သူက ဘာဖြစ်လို့ အထီးကျန်အဆန်ဆုံးလူတယောက်ပုံစံပေါက်နေရတာလည်း Ah Zhan... ငါတို့ကိုညာချင်ညာလို့ရမယ့် မင်းရဲ့နှလုံးသားကိုတော့ ညာပြောလို့မရပါဘူးကွာ"

"Hai Kuanရာ... Yibo ငါ့ဆီအဆက်သွယ်မလုပ်တာ ၂လကျော်ပြီ... သူ.. သူ.. ငါ့ကိုမေ့သွားပြီထင်တယ်... မဟုတ်ဘူး... ငါ့ကို စိတ်နာသွားတာဆို ဘယ်လိုလုပ်မလဲ.. သူမေ့သွားတာဆိုရင်တောင် ငါသူ့ကိုသွားတွေ့ရင် ပြန်မှတ်မိနိုင်ဦးမယ်လေ.. စိတ်နာပြီး ငါ့ကိုမတွေ့ချင်တော့တာဆို ငါ.. ငါ.. ဘယ်လိုလုပ်ရမလဲ သူငယ်ချင်းရာ"

"Ah Zhan... မင်း အခုပဲဆီဖြစ်ဖြစ် Yiboဆီ သွားတွေ့ချင်လား... ငါတို့ လိုက်ခဲ့ပေးမယ်လေ... မင်းအခု ခံစားနေရတာတွေ ငါတို့ပါ ကူပြောပေးမယ်"

"ဟင့်အင်း... Yiboက ငါ့ကိုစောင့်နေပေးပါလို့ပြောထားတာ.. သူ့ကို တသက်လုံးစောင့်နေရမယ်ဆိုလည်း ငါနေနိုင်တယ်... ဒါပေမယ့် အခုချိန် သူ့မျက်နှာလေးမြင်လိုက်ရရင် ငါ့ရဲ့ဆုံးဖြတ်ချက်တွေကို ပြင်မိလိုက်မှာစိုးတယ်... သူ့အနားကနေ ထွက်မသွားချင်ပဲ စိုက်ခင်းကိုစွန့်ပစ်တာမျိုး ထပ်လုပ်မိလိမ့်မယ်ထင်တယ်ကွာ... အဲ့တာကြောင့် ငါ Yiboဆီ သွားမတွေ့တာ... အဲ့တာကြောင့် စိုက်ခင်းထဲမှာပဲ အလုပ်တွေပိုလုပ်နေမိတာ..."

"မင်းဘက်က အခုလိုစဉ်းစားတာဆိုတော့ ငါလည်း ဘာပြောရမှန်းမသိတော့ဘူး Ah Zhan... မင်းရဲ့ဆုံးဖြတ်ချက် မှန်ကန်ပါစေပဲ ဆုတောင်းပေးရမှာပေါ့ကွာ"
.
.
.
"Xiao Zhan.. မင်းဦးလေးနဲ့တွေ့ခဲ့တယ်... မင်းကိုအိမ်ပြန်လာခဲ့ဦးတဲ့... ရှေ့တပတ်ထဲ ဆောင်းရာသီပွဲတော်အတွက် ပြင်ဆင်ရတော့မှာမို့တဲ့"

"ဟင်! ဆောင်းရာသီပွဲတော်တောင် ရောက်တော့မှာလား"

"ဟုတ်တယ်လေ.. ဒီနေ့ပဲ August 5ရက်ရှိနေပြီး 15ရက်နေ့ဆို ပွဲတော်စပြီကို"

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Onde histórias criam vida. Descubra agora